အင်္ဂလန် စကော့တလန် ခြေစစ်ပွဲမှာ ပေါ်ပီပန်းတပ် ကန်မယ်

  • 3 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Nick Potts
Image caption ပေါ်ပီပန်းတပ်တဲ့ လက်မောင်းပတ် အနက်

လာမယ့် နိုဝင်ဘာလ ၁၁ ရက် ပထမ ကမ္ဘာစစ် ပြေငြိမ်းတဲ့ နေ့မှာ အင်္ဂလန်နဲ့ စကော့တလန် ဘောလုံး ၂ သင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားရာမှာ FIFA ဘောလုံး အဖွဲ့ချုပ် အမိန့်ကို ဖီဆန်ပြီး ပေါ်ပီပန်းတပ်တဲ့ လက်မောင်းပတ် အနက်တွေ ဝတ်ဆင် ကြလိမ့်မယ် လို့ သိရပါတယ်။

ပေါ်ပီပန်းဟာ နိုင်ငံရေး လက္ခဏာ ဆောင်တာမို့ ဘောလုံးပွဲတွေမှာ ခွင့်မပြုသင့်ဘူးလို့ ဖီဖာ အဖွဲ့ချုပ်က ဆုံးဖြတ် ခဲ့တာပါ။

တခြား အဖွဲ့ဝင် အသင်းတွေက အလားတူ ပန်ကြားမှုတွေ လုပ်ခဲ့တာကိုလည်း ဒီလိုပဲ တုံ့ပြန်ခဲ့တယ်လို့ ဖီဖာ အတွင်းရေးမှူးချုပ် Fatma Samoura က ပြောပါတယ်။

အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ်ကတော့ ပေါ်ပီပန်းဟာ နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး ဘာအသွင်ဆောင်တယ်လို့ မှ မယူဆဘူးလို့ ဆိုပါတယ်။

ဒီလိုဖီဆန်လို့ ၂ သင်းလုံးကို ဒဏ်တပ်ခံရနိုင်ပါတယ်။