အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကြိုတင်မဲ ၃၇ သန်း ရှိသွားပြီ

  • 4 နိုဝင်ဘာ 2016
Image caption အမေရိကန် ရွေးကောက်ပွဲမှာ လုံခြုံရေး အထူးကြပ်မတ်နေ

အမေရိကန် သမ္မတ ရွေးကောက်ပွဲ နီးလာချိန်မှာ ရီပါဘလစ်ကန် ဖက်က ဒေါ်နယ် ထရမ်ပ် ကို ထောက်ခံမှု တိုးလာတာကြောင့် ပြိုင်ဖက် ဒီမိုကရက် ကိုယ်စားလှယ် ဟီလာရီ ကလင်တန် ရဲ့ မဲဆွယ် စည်းရုံးရေး အစီအစဉ် ပြောင်းဖို့ အတင်းအကျပ် ဖိအားပေးသလို ဖြစ်စေခဲ့ပါတယ်။

လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူ့အပေါ် ထောက်ခံမဲ ပေးဖို့ ရှိနိုင်တဲ့ ပြည်နယ်တွေဆီ မစ္စက် ကလင်တန် လှည့်လည်က လူထုစုဝေးပွဲတွေကို တက်ရောက် နေပါတယ်။

အခုအခါ နှစ်ဖက် ပါတီက သမ္မတလောင်းတွေဟာ ဘယ်သူ့ကို မဲပေးမယ် ဆိုတာ အခိုင်အမာ မဆုံးဖြတ်နိုင် ဖြစ်နေတဲ့ ပြည်နယ်တွေထက် သူတို့ကို အပြည့်အဝ ထောက်ခံမှု ပေးမယ့် နေရာတွေမှာ အဓိထား မဲဆွယ် စည်းရုံးမှု လုပ်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မနေ့က သောကြာနေ့ အထိ ကြိုတင်မဲ ၃၇ သန်း မဲပေးခဲ့ကြပြီး ဖြစ်တယ်လို့ သိရပါတယ်။