ဖိလစ်ပိုင်မြို့ဝန် ထောင်ထဲမှာ အသတ်ခံရ

  • 5 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption သြဂုတ်လက လာရောက်အဖမ်းခံခဲ့တဲ့ မြို့ဝန် မစ္စတာ အက်စပင်နိုစာ

မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ပါဝင်မှုနဲ့ အဖမ်းခံရတဲ့ ဖိလစ်ပိုင်မြို့ဝန် တယောက်ကို ထောင်တွင်း အပြန်အလှန် ပစ်ခတ်မှုတခုအတွင်းမှာ ပစ်သတ်လိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အယ်ဘွေးရားမြို့ဝန် ရိုလန်ဒို အက်စပင်နိုစာဟာ ထောင်တွင်း လက်နက်စစ်ဆေးမှုမှာ ထောင်ဝန်ထမ်းတွေကို ပစ်ခတ်ခဲ့တဲ့အတွက် သူ့ကို တခြားထောင်သားတွေနဲ့အတူ ပစ်သတ်ရတာဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက သမ္မတဒူတားတေး ပြောဆိုထားတဲ့ မူးယစ်မှုမှာ ပါဝင်သူ ၁၅၀ကျော်ရှိတဲ့ ဝန်ထမ်းစာရင်းမှာ မစ္စတာ အက်စပင်နိုစာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ သြဂုတ်လကတည်းက သူ့ အသက်အန္တရာယ် စိုးရိမ်တယ်လို့ ပြောဆိုပြီး ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ