ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေဖြစ်

  • 6 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ရဲတွေက အခုလို ငရုတ်ကောင်းရည်သုံးပြီး မဖြိုခွင်းခင် အရင်သတိပေးခဲ့တယ်လို့ပြော

တရုတ်နိုင်ငံ ဟောင်ကောင်အထူးဒေသမှာ ထောင်ချီတဲ့လူတွေက ပြည်မကြီး အစိုးရရဲ့ ဒေသတွင်း နိုင်ငံရေးကိစ္စ စွက်ဖက်မှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါတယ်။

ပြည်မကြီး အစိုးရ ကိုယ်စားလှယ်ရုံးရှေ့မှာ စုဝေးနေကြတဲ့ ဆန္ဒပြတဲ့သူတွေကို ရဲတွေက ဖြိုခွင်းဖို့ ကြိုးစားခဲ့ကြပါတယ်။

ဟောင်ကောင် အမတ်နှစ်ယောက်ကို ဒေသတွင်း လွှတ်တော်မှာ ဆက်ထားခွင့်နဲ့ ပတ်သက်ပြီး ဗဟိုအစိုးရက ဆုံးဖြတ်မှာကို ဆန္ဒပြသူတွေက မလိုလားကြတာ ဖြစ်ပါတယ်။

ဒီ အမျိုးသမီးအမတ် ၂ ဦးဟာ ပါလီမန်တွင်း ကျမ်းကျိန်မှုကို အထမြောက်အောင် မလုပ်ခဲ့ဘဲ ဟောင်ကောင် လွတ်လပ်ရေး လိုလားကြောင်းကို ပြခဲ့တဲ့အတွက် သူတို့ကို ဒေသတွင်း လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ဒီမိုကရေစီလိုလားတဲ့ အမတ်တဦးဖြစ်တဲ့ ကလော်ဒီယာ မို က "ဒီ အမျိုးသမီးအမတ် ၂ယောက်က သေသေချာချာ မကျမ်းကျိန်တာခဲ့တာကို ဟောင်ကောင် လူထုက နားလည်ဖို့ ခက်ပါလိမ့်မယ်။

ဘာပဲပြောပြော သူတို့မှာ ကောင်းကောင်းမွန်မွန် ထပ်ပြီး ကျမ်းကျိန်ခွင့် အပြည့်ရှိပါတယ်။

တရုတ်က ဒါကို ဂရုမစိုက်ဘဲ ဟောင်ကောင်ကို အာဏာပိုင်ကြောင်း ပြချင်လို့ ဒီလို လုပ်နေတာ" လို့ပြောဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက တနင်္လာနေ့မှာ ဆုံးဖြတ်ချက် ချမှာ ဖြစ်ပြီး ဒီအမတ်နှစ်ယောက်ဟာ နိုင်ငံအချုပ်အခြာ အာဏာနဲ့ လုံခြုံရေးကို ထိပါးခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ