အမေရိကန် ဆီက သေနတ် မဝယ်တော့ဘူးလို့ ဖိလစ်ပိုင် သမ္မတ ပြော

  • 8 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption လက်နက်တပ်ဆင်ရာမှာ အမေရိကန် မလိုဘူးလို့လည်း သမ္မတ ဒူတာတေးက ဆိုပါတယ်

ဖိလစ်ပိုင် ရဲတပ်ဖွဲ့ မှာ အသုံးပြုဖို့ အတွက် အမေရိကန် နိုင်ငံထုတ် ရိုင်ဖယ် သေနတ် တွေ ဝယ်ယူရေး ၂ နိုင်ငံ သဘောတူ စာချုပ် ကို ဖျက်သိမ်း လိုက်ပြီလို့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး က ပြောပါတယ်။

အမေရိကန် ဆီက သောင်းနဲ့ချီတဲ့ ရိုင်ဖယ် သေနတ် တွေ ဝယ်ယူဖို့ စီစဉ် ထားပေမယ့် တခြား ဈေးသက်သာ တဲ့ နိုင်ငံ ဆီကပဲ ဝယ်ယူ သွားမယ်လို့ သမ္မတ ဒူတာတေး က ဆက်လက် ပြောကြား ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ အတွက် လက်နက်တပ်ဆင်ရာမှာ အမေရိကန် မလိုဘူးလို့လည်း သမ္မတ ဒူတာတေးက ဆိုပါတယ်။

ဖိလစ်ပိုင်မှာ မစ္စတာ ဒူတာတေး သမ္မတ ရာထူး ဆက်ခံ ခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့ အတွက် ရိုင်ဖယ် သေနတ် နှစ်သောင်းကျော် ကို အမေရိကန် ကဆီက ဝယ်ယူဖို့ စီစဉ် ထားခဲ့တာပါ။

ဖိလစ်ပိုင် နိုင်ငံမှာ မူးယစ်ဆေးဝါး ရောင်းချ မှုတွေကို နှိမ်နှင်းရာမှာ တရားမဝင် သတ်ဖြတ် မှုတွေ ရှိနေတဲ့ အတွက် ရဲတပ်ဖွဲ့ အတွက် လက်နက် ရောင်းချမှု ပိတ်ပင်ဖို့ ဝါရှင်တန် ဘက်ကလည်း ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ