ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတဖြစ်လာ

  • 9 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် MANDEL NGAN
Image caption ဟီလာရီကလင်တန်ကို ချီးကျူးဂုဏ်ပြုခဲ့

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်သမ္မတလောင်း ဘီလျံနာသူဋ္ဌေးကြီးက ပြိုင်ဖက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်ကို ပြတ်ပြတ်သားသားအနိုင်ယူပြီး အမေရိကန်ရဲ့ ၄၅ ယောက်မြောက် သမ္မတဖြစ်လာပါတယ်။

မစ္စတာထရမ့်က ဟီလာရီကလင်တန် သူ့ဆီဖုန်းဆက်ပြီး အရှုံးကိုအသိအမှတ်ပြုကြောင်း အနိုင်ရတဲ့အတွက်လည်း ဂုဏ်ပြုကြောင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာထရမ့်က ဟီလာရီကလင်တန်ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ မစ္စက်ကလင်တန်ရဲ့ တိုင်းပြည်အပေါ်ကျေးဇူးရှိခဲ့တာတွေကိုလည်း အသိအမှတ်ပြုပြောကြားခဲ့ပါတယ်။

မစ္စတာထရမ့်က သူ့ကို မထောက်ခံသူတွေ ရှိမှန်းလည်းသိကြောင်း၊ သူ့အနေနဲ့တော့ နိုင်ငံသားအားလုံး၊ အမေရိကန်အားလုံးအတွက် အလုပ်လုပ်သွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အဓိက အရေးကြီးပြည်နယ်တွေဖြစ်တဲ့ အိုဟိုင်းယိုး၊ ဖလောရီဒါနဲ့ မြောက်ကာရိုလိုင်းနားတို့မှာ အနိုင်ရခဲ့ပါတယ်။

ပြည်နယ်အသီးသီးမှာ သမ္မတလောင်းနှစ်ယောက်အနိုင်ရခဲ့တဲ့ မဲအရေအတွက်တွေကို အောက်က မြေပုံတွေမှာ ကလစ်လုပ်ပြီး ကြည့်နိုင်ပါတယ်။ ဒီမိုကရက်က အပြာရောင်ဖြစ်ပြီး ရီပတ်ဘလီကန်က အနီရောင်ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ရွေးကောက်ပွဲ နိုင်ခဲ့ပုံ

သင့်အင်တာနက် ဘရောင်ဆာက ယခု သတင်းကို ကြည့်လို့မရပါ။ မဲရလဒ် မြေပုံကို ကြည့်နိုင်ရန် နောက်ပိုင်းထွက် ဘရောင်ဆာများကို သုံးရပြီး Java Script လည်း ရှိရပါမည်။

ဒေါ်နယ်ထရမ့်ရသော မဲအရေအတွက်

ရီပတ်ဘလီကန်

သင့်အင်တာနက် ဘရောင်ဆာက ယခု သတင်းကို ကြည့်လို့မရပါ။ မဲရလဒ် မြေပုံကို ကြည့်နိုင်ရန် နောက်ပိုင်းထွက် ဘရောင်ဆာများကို သုံးရပြီး Java Script လည်း ရှိရပါမည်။

ဟီလာရီကလင်တန်ရသော မဲအရေအတွက်

ဒီမိုကရက်

သင့်အင်တာနက် ဘရောင်ဆာက ယခု သတင်းကို ကြည့်လို့မရပါ။ မဲရလဒ် မြေပုံကို ကြည့်နိုင်ရန် နောက်ပိုင်းထွက် ဘရောင်ဆာများကို သုံးရပြီး Java Script လည်း ရှိရပါမည်။

ရွေးကောက်ပွဲ အကြိုညအထိ မစ္စက်ကလင်တန် အနိုင်ရနိုင်တယ်လို့ လူထုစစ်တမ်းတွေက ပြနေခဲ့တာ ဖြစ်ပြီး အခုလို ရလဒ်က နိုင်ငံရေးအကဲခတ်သူတွေကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့ပါတယ်။

ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲမှာလည်း ရီပတ်ဘလီကန်တွေက အများစုနေရာကို ဆက်ထိန်းထားလိုက်နိုင်ပါတယ်။

မစ္စတာထရမ့်အနိုင်ရဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်လာချိန်မှာ အာရှဒေသက စတော့စျေးကွက်စျေးတွေထိုးကျခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဘိုးလည်း ကျဆင်းသွားပါတယ်။