အမေရိကန် သမ္မတ သစ်ကို ကမ္ဘာ့ ခေါင်းဆောင်တွေက တုံ့ပြန်

  • 10 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် PA
Image caption ဥရောပ ရဲ့ ဒီမိုကရေစီ ကို လေးစားဖို့ သမ္မတ ဖရန်ဆွာ ဟော်လွန်း က ပြောကြား

အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ် ထရမ့် အောင်မြင်မှု ရရှိခဲ့ပြီးနောက် ကမ္ဘာ့ ခေါင်းဆောင် အသီးသီး က ဒေါ်နယ် ထရမ့် အပေါ် မတူ ကွဲပြား တဲ့ အမြင် တွေ နဲ့ ချီးကျူးစကား ပြောကြား လာပါတယ်။

အမေရိကန် နဲ့ မဟာမိတ် နိုင်ငံတွေ အကြား က ကောင်းမွန်တဲ့ ဆက်ဆံရေး ကို ခိုင်မြဲအောင် ကြိုးစား ဆောင် ရွက်မယ်လို့ သမ္မတ အိုဘားမား က အာမခံ ချက် ပေးခဲ့ပါတယ်။

ရုရှသမ္မတ ဗလာဒီမီယာ ပူတင် ကတော့ ဒေါ်နယ် ထရမ့် ရွေးကောက်ခံရမှု နဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ ရုရှ တို့ အကြား ကောင်းမွန် တဲ့ ဆက်ဆံရေး ကို ထူထောင်ဖို့ ဆောင်ရွက် လိုပါတယ်။ ကမ္ဘာကြီး တည်ငြိမ်ရေး နဲ့ လုံခြုံရေး အတွက် ကြိုးစား ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

ပြင်သစ် နိုင်ငံဘက် ကတော့ ရွေးကောက်ခံ သမ္မတဒေါ်နယ် ထရမ့် အနေနဲ့ ဥရောပ ရဲ့ ဒီမိုကရေစီ ကို လေးစားဖို့ သမ္မတ ဖရန်ဆွာ ဟော်လွန်း က ပြောကြား သွား ပါတယ်။

မက်ဆီကို ကလည်း အမေရိကန် နဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေ ဆက်လက် လုပ်ဆောင် နိုင်မယ်လို့ ယုံကြည်ကြောင်း သမ္မတ အန်းနရစ် ပင်ညာနေးတိုး က ပြောကြား ခဲ့ပြီး ကျူးဘား ကတော့ စစ်ရေး လေ့ကျင့်မှု တွေကို ဒီလ အတွင်းမှာ ဆောင်ရွက်ဖို့ ရှိကြောင်း ထုတ်ဖော် ပြောကြား လာပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ မစ္စတာထရမ့် အစိုးရ အဖွဲ့သစ် အနေနဲ့ ကမ္ဘာကြီးပူနွေးလာမှု ကို တိုက်ဖျက်ရေး နဲ့ ကမ္ဘာ အနှံ့ လူ့အခွင့်အရေး တိုးတက်လာရေး ကို ကူညီပေးလိုက်မယ် လို့ ကုလသမဂ္ဂ အနေနဲ့ မျှော်လင့် ထည့်တွက် ထားပါတယ် လို့ ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု ဟာ ကမ္ဘာ့ဇာတ်ခုံ မှာအရေးပါတဲ့ သရုပ်ဆောင် ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ ထူးခြားတဲ့ အစွမ်းသတ္တိ ကို အသုံးချပြီး လူသားဘဝ မြင့်မားရေး ကို ပံ့ပိုး ပေးရေး နဲ့ အများအကျိုးပြု လုပ်ငန်းတွေ ကို ဝိုင်းဝန်း လုပ်ကိုင်ပေးမယ် လို့ ကမ္ဘာ့ ပြည်သူတွေ က အားကိုးတကြီး မျှော်လင့်ထားတာပါ။

နိုင်ငံတကာ နဲ့ ပူးပေါင်း ဆောင်ရွက်မှု အပိုင်းတွေ မှာလည်း တက်ကြွစွာ ပါဝင်မယ် လို့ ကုလသမဂ္ဂ ဖက် က ထည့်တွက်ထားကြောင်း ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ညာမင်နက်တန်ယာဟု ကလည်း ဒေါ်နယ်ထရမ့် ကို သမ္မတသစ် အဖြစ် ကြိုဆိုခဲ့ပြီးလုံခြုံရေး၊ ကြီးပွားတိုးတက်ရေး နဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေ မှာ တိုးမြှင့် ပူးပေါင်းဆောင်ရွက်ရေး ကို မျှော်လင့်ထားပါတယ်။ အစ္စရေး နိုင်ငံ ဟာ အမေရိကန် နိုင်ငံသားတွေ ရဲ့ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံ ရပ်တည်ပေးခဲ့တဲ့ အပေါ် မှာ အမြဲ ကျေးဇူး လည်းတင်ခဲ့ပါတယ် လို့ ပြောသွားပါတယ်။

ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်နယ် တုစ် ကတော့ အမေရိကန် နဲ့ ဥရောပ နီးစပ်မှုရှိတဲ့ မိတ်ဖက် နိုင်ငံ အဖြစ် ဆက်လက် တည်တံ့ဖို့ အရေးကြီးတဲ့ အကြောင်း ပြောပါတယ်။

သမ္မတသစ် အဖြစ် အရွေးခံရတဲ့ မစ္စတာထရမ့် က အမေရိကန် တဝန်း မှာ ညီညွတ် ဖို့ လိုတဲ့ အကြောင်း နှိုးဆော် လိုက်တာ ကို ကြားလိုက်ရတဲ့ အတွက် ကျနော် ဘက်ကလည်း ဥရောပ နဲ့ အက္တလန်တိတ် သမုဒ္ဓရာ ပဲခြားတဲ့ အမေရိကန် နဲ့ လည်း ညီညွတ်မှု ရှိရေး ကို ပြန်လည် တောင်းဆို လှုံ့ဆော် ပါရစေ။

ကနေ့ အချိန် မှာ ဘယ်နိုင်ငံ မှ အထီးကျန် ဘဝ နဲ့ အောင်မြင့်မှု အပြည့်အဝ ရနိုင်လိမ်မယ် လို့ မယုံကြည်ခဲ့ပါဘူး။ ဒါကြောင့်မို့ ဥရောပ နဲ့ အမေရိကန် ပူးပေါင်းမှု နဲ့ အတူ အောင်မြင်မှု တွေ ရလာနိုင်မယ် လို့ ယုံကြည်တဲ့ အကြောင်း ပြောခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ