ဝါရှင်တန်ကို လာဖို့ ဗြိတိန် ဝန်ကြီးချုပ်ကို ထရမ့် ဖိတ်ခေါ်

  • 10 နိုဝင်ဘာ 2016
Image caption အမေရိကန်-ဗြိတိန် ဆက်ဆံရေး အရေးကြီးတာကို နှစ်ယောက်စလုံးက အလေးပေး

အမေရိကန် သမ္မတ အဖြစ် ရွေးကောက်ခံ ထားရတဲ့ ဒေါ်နယ် ထရမ့်က ဗြိတိသျှ ဝန်ကြီးချုပ် ထရီဇာမေကို ဝါရှင်တန် မြို့တော်က လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရပြီး တဲ့နောက် မစ္စတာထရမ့်ဟာ ကမ္ဘာ တလွှားက ခေါင်းဆောင်တွေဆီ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တာမှာ ဝန်ကြီးချုပ် မေ နဲ့လည်း စကား ပြောဆို ခဲ့တာပါ။

အပြန်အလှန် ပြောခဲ့ကြတဲ့ အထဲ အမေရိကန်-ဗြိတိန်ရဲ့ ဆက်ဆံရေး အရေးကြီးတာကို နှစ်ယောက်စလုံးက အလေးပေး ပြောခဲ့ ကြပါတယ်။

မိခင်ဖြစ်သူ ဘက်က စကော့တလန် သွေးပါတဲ့ ထရမ့်ဟာ ယူကေ အပေါ် သူ့ရဲ့ နွေးထွေးတဲ့ သဘောထားနဲ့ ပုဂ္ဂိုလ်ရေး နီးစပ်မှု ရှိတဲ့ အကြောင်း ဝန်ကြီးချုပ် မေကို ပြောခဲ့တယ်လို့ ဒေါင်းနင်းလမ်းက ထုတ်ပြန်ပါတယ်။

အမေရိကန်-ဗြိတိန် နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှု တွေ တိုးမြှင့်ဖို့ နှစ်ဘက်လုံးက စိတ် ဆန္ဒ ရှိကြတယ် လို့လည်း ဆိုပါတယ်။

မစ္စတာ ထရမ့်ဟာ အီဂျစ်၊ အိုင်ယာလန်၊ မက္ကဆီကို၊ အစ္စရေး၊ တူရကီ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံ ခေါင်းဆောင်တွေ ဆီကိုလည်း ဖုန်းနဲ့ ဆက်သွယ် စကား ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ