အိန္ဒိယ ဘဏ်တွေမှာ ငွေစက္ကူလဲဖို့ လူတွေ ဆက်လက် တန်းစီနေ

  • 11 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဒေလီမြို့က ဘဏ်တစ်ခုရှေ့မှာ တန်းစီနေကြသူတွေ။

အိန္ဒိယ နိုင်ငံမှာ အစိုးရက ပယ်ဖျက်ထားတဲ့ ငါးရာနဲ့ တစ်ထောင်တန် ရူပီး ငွေစက္ကူ တွေကို လဲလှယ်ဖို့ အတွက် ဘဏ်တွေရှေ့မှာ ဒုတိယမြောက်နေ့ လူတန်းရှည်ကြီးတွေ တန်းစီ နေကြပြန်ပါတယ်။

ငွေမည်း ကိုင်ဆောင်သူတွေ၊ အခွန် ရှောင်သူတွေကို ကိုင်တွယ် နိုင်ဖို့ ရည်ရွယ်ပြီး အိန္ဒိယ အစိုးရက တိုင်းပြည်တွင်း တန်ဖိုး အကြီးဆုံး ငွေစက္ကူတွေကို သုံးစွဲခွင့် ပယ်ဖျက် ခဲ့တာပါ။

တစ်နာရီခွဲ လောက် စောင့်ခဲ့ရပြီးမှာ ရူပီး ၄ ထောင်ဖိုးပဲ လဲနိုင်ခဲ့တယ်လို့ ဒေလီ မြို့သား တစ်ယောက်က သူ့ အတွေ့အကြုံကို ပြောပါတယ်။

ငွေမည်း ကိုင်ဆောင်သူတွေကို ပစ်မှတ်ထားပြီး တန်ဖိုးကြီး ငွေစက္ကူတွေကို ဖျက်သိမ်းခဲ့တာ ဖြစ်ပေမယ့် ဝင်ငွေနည်း မိသားစုတွေ အပါအဝင် ငွေသား သုံးစွဲမှု အပေါ် မှီခို ကြရတဲ့ သာမန် ပြည်သူ အများအပြား အတွက် ထိခိုက်မှုတွေ အတော်လေး ရှိနေတယ်လို့ သိရပါတယ်။

ငွေစက္ကူအဟောင်းနဲ့ အသစ် လဲမယ့်လူတွေ အနေနဲ့ နိုင်ဘာ ၁၀ ရက်ကနေ ဒီဇင်ဘာ ၃၀ အထိ ရက်ပေါင်း ၅၀ အတွင်း အပြီးသတ် လဲလှယ် ထုတ်ယူကြရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ