အမေရိကန် မြို့ကြီးတွေမှာ ရွေးကောက်ခံ သမ္မတကို ဆန့်ကျင် ဆန္ဒပြ

  • 13 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ယူနီယံ စကွဲယား ကို ဆန္ဒပြသူတွေက ဝင်ရောက်ဖို့ ကြိုးစား နေပြီး ရဲတပ်ဖွဲ့ က ဆန္ဒပြသူတွေကို တားဆီး နေ

အမေရိကန် နိုင်ငံ မှာ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် ကို ဆန့်ကျင် တဲ့ ဆန္ဒ ပြမှုတွေ ကို ထောင်နဲ့ ချီတဲ့ လူတွေက ၄ ရက်မြောက် နေ့ အဖြစ် ဆက်လက် ဆန္ဒပြ နေပါတယ်။

နယူးယောက်မြို့က ယူနီယံ စကွဲယား ကို ဆန္ဒပြသူတွေက ဝင်ရောက်ဖို့ ကြိုးစား နေပြီး ရဲတပ်ဖွဲ့ က ဆန္ဒပြသူတွေကို တားဆီး နေပါတယ်။

နယူးယောက်မြို့မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ဒေါ်နယ် ထရမ့် ရဲ့ ရွေးချယ် ခံရမှု ကို သူတို့ လက်မခံ ဘူးလို့ ကြွေးကြော် နေကြပါတယ်။

နောက်ထပ် ဆန္ဒပြသူတွေက တော့ ဒေါ်နယ် ထရမ့် နေထိုင် တဲ့ ထရမ့် တာဝါ ဆီကို ချီတက် ဆန္ဒပြ ဖို့ ပြင်ဆင် နေကြပါတယ်။

ချီကာဂို မြို့ နဲ့ လော့စ် အိန်ဂျလိစ် မြို့တွေမှာလည်း ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် ကို ဆန့်ကျင် တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ