ငလျင်နဲ့ ဆူနာမီကြောင့် နယူးဇီလန်မှာ ပျက်စီးမှု ဘယ်လောက်ကြီးလဲ ဆန်းစစ်နေ

  • 14 နိုဝင်ဘာ 2016
Image caption ငလျင်ကြောင့် အနည်းဆုံး လူ နှစ်ယောက် သေဆုံး

နယူးဇီလန် နိုင်ငံ မှာ အင်အားပြင်းထန် တဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး တဲ့နောက် ဆူနာမီ လှိုင်းဒဏ် ခံခဲ့ရတဲ့ တောင်ဘက်ပိုင်း ကျွန်းမှာ အပျက်အစီး အဆုံးအရှုံး ဘယ်လောက် ကြီးမား ခဲ့သလဲ ဆိုတာကို အာဏာပိုင်တွေ ဆန်းစစ် နေကြပါတယ်။

နယူးဇီလန် အရှေ့ဘက် ကမ်းရိုးတန်း တလျှောက်က သူတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး ကုန်းမြင့်ပိုင်း နေရာတွေကို ရွှေ့ပြောင်း ခဲ့ကြရပါတယ်။

အခုအခါ မှာတော့ ကမ်းရိုးတန်း ဒေသတလျှောက် ထုတ်ပြန်ထားတဲ့ အန္တရာယ် သတိပေးမှု အဆင့်ကို လျှော့ချလိုက်ပြီ ဖြစ်ပါတယ်။

သန်းခေါင်ယံကျော် အချိန်က လှုပ်ခတ်ခဲ့တဲ့ ၇.၈ ပြင်းအား ပမာဏ ရှိတဲ့ ငလျင်ကြောင့် အနည်းဆုံး လူ နှစ်ယောက် သေဆုံး ခဲ့ရတယ်လို့ နယူးဇီလန် ဝန်ကြီးချူပ် ဂျွန်ကီးက ဆိုပါတယ်။

ငလျင်ဟာ ခရစ္စချာ့ချ် ဆိုတဲ့ မြို့ရဲ့ မြောက်ဘက်ပိုင်း ကပ်ရက် နေရာကို ဗဟိုပြု လှုပ်ခတ် ခဲ့တာ ဖြစ်ပြီး၊ ငလျင်ဒဏ် ခံလိုက်ရတဲ့ ဒေသတွေမှာ အကူအညီတွေ ပေးနိုင်ဖို့ စစ်ရဟတ်ယာဉ်တွေ စေလွှတ် ထားတယ် ဆိုပြီးတော့လည်း ဝန်ကြီးချုပ် ကီးက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ