ကာကွယ်ရေးနဲ့ လုံခြုံရေး ကဏ္ဍတွေထဲ အီးယူရဲ့ ပါဝင် ပတ်သက်မှု တိုးမြှင့်မယ်

  • 15 နိုဝင်ဘာ 2016
Image caption ဥရောပ စစ်တပ် ဆိုပြီး သီးသန့် ဖွဲ့စည်း ထားရှိ လာဖို့ မပါဝင်

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ အနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ကဏ္ဍတွေမှာ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်လာဖို့ စီမံကိန်း အပေါ် အဖွဲ့ဝင် နိုင်ငံတွေကြား သဘောတူမှု ရရှိ လိုက်ပါတယ်။

အီးယူ နိုင်ငံတွေရဲ့ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ ကနေ သဘောတူမှု ရလာ ခဲ့တာပါ။

နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့နဲ့ ယှဉ်ပြိုင်လိုတဲ့ ရည်ရွယ်ချက် မျိုး မထားရှိဘူး ဆိုတဲ့ အချက် အပေါ်မှာတော့ အီးယူရဲ့ နိုင်ငံခြားရေး မူဝါပိုင်း ဆိုင်ရာ အကြီးအကဲ ဖက်ဒရီကာ မိုဂယ်ရီးနေး က အလေးထား ပြောကြား ခဲ့ပါတယ်။

အီးယူ အနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ ပိုပြီး တိုးမြှင့် ဆောင်ရွက် လိုတာသာ ဖြစ်တယ်လို့လည်း မစ္စ မိုဂယ်ရီးနေးက ဆိုပါတယ်။

အီးယူရဲ့ စီမံကိန်း ဆိုတာထဲမှာ ဥရောပ စစ်တပ် ဆိုပြီး သီးသန့် ဖွဲ့စည်း ထားရှိ လာဖို့ မပါဝင် သလို၊ အီးယူ အနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေထဲ ပိုမို ပါဝင် ပတ်သက်ဖို့ စဉ်းစား သုံးသပ် ခဲ့ကြတာဟာ အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် မနိုင်ခင် အတော် စောစော ကတည်းက ဖြစ်တယ်လို့ မစ္စ မစ္စ မိုဂယ်ရီးနေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ