ရုရှား စီးပွားရေး ဝန်ကြီးကို လာဘ်ယူမှုနဲ့ ဖမ်းဆီး

  • 15 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ္စတာ အလျူ ကာယက်ဗ် ဟာ သမ္မတ ပူတင် လက်ထက်မှာ ပထမဆုံး ဖမ်းဆီးခံရတဲ့ ဝန်ကြီးဖြစ်လာ။

ရုရှား နိုင်ငံမှာ အစိုးရ အဖွဲ့ဝင် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ကြီး Alexei Ulyukayev ကို လာဘ်စားမှုနဲ့ စွဲချက်တင် ဖမ်းဆီးလိုက်ပါတယ်။

မစ္စတာ အလျူ ကာယက်ဗ် ဟာ ၁၉၉၁ ခုနှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် ပထမဆုံး ဖမ်းဆီးခံရတဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီး ဖြစ်လာပါတယ်။

သူဟာ အစိုးရပိုင် ရေနံကုမ္ပဏီ Bashneft ရဲ့ ရှယ်ယာ ၅၀ ရာနှုန်းကို နောက်ထပ် အစိုးရပိုင် ရေနံကုမ္ပဏီ Rosneft ကုမ္ပဏီက ဝယ်ယူတဲ့ လုပ်ငန်းစဉ်မှာ အမေရိကန် ဒေါ်လာ ၂ သန်း ငွေတောင်းခဲ့တယ် ဆိုပြီး စွပ်စွဲ ခံရတာ ဖြစ်ပါတယ်။

မစ္စတာ အလျူ ကာယက်ဗ်ကတော့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

သူ့ကို လအတော်ကြာ စောင့်ကြည့်ခဲ့ပြီးနောက်မှာ အခုလို ဖမ်းဆီးခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။

သူ့ကို ဖမ်းဆီးတဲ့ သတင်းက ရုရှား မီဒီယာတွေမှာ အထူးသတင်း ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ