အီဂျစ် သမ္မတဟောင်း မော်စီရဲ့ သေဒဏ်ကို ပယ်ဖျက်ပေး

  • 15 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အကြမ်းဖက်မှု စွဲချက်တွေအတွက် သမ္မတဟောင်း မော်စီ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ကျခံနေရ။

အီဂျစ် နိုင်ငံမှာ သေဒဏ် ချမှတ်ခံထားရတဲ့ သမ္မတဟောင်း မိုဟာမက် မော်စီ နဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့ ခေါင်းဆောင် ငါးယောက်ကို အယူခံ တရားရုံးချုပ်က သူတို့ရဲ့ သေဒဏ်တွေကို ပယ်ဖျက် ပေးလိုက်ပါတယ်။

၂၀၁၁ ခုနှစ်က ဟိုစနီ မူဘာရက်ကို ဆန့်ကျင်တဲ့ အုံကြွမှုအတွင်း အစုလိုက် ထောင်ဖောက်မှုနဲ့ ပတ်သက်ပြီး ကြားနာမှုတွေ ပြန်လုပ်ရမယ်လို့ အယူခံ တရားရုံးက အမိန့်ချခဲ့ပါတယ်။

မွတ်ဆလင် ညီနောင်များအဖွဲ့က တခြားအဖွဲ့ဝင် ၂၁ ယောက်ရဲ့ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်တွေကိုလည်း ပယ်ဖျက်ပေးခဲ့ပါတယ်။

သမ္မတဟောင်း မော်စီဟာ ၂၀၁၂ ခုနှစ်က ရွေးကောက် တင်မြှောက်ခံရတာ ဖြစ်ပေမယ့် တစ်နှစ်အကြာမှာ သူ့ကို ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်လာပြီးနောက် စစ်တပ်က သူ့ကို ဖယ်ရှားခဲ့တာပါ။

ပြည်ပ စစ်သွေးကြွတွေနဲ့ ပူးပေါင်း ကြံစည်ခဲ့တယ် ဆိုပြီး မစ္စတာ မော်စီနဲ့ တခြား လူ တစ်ရာကျော်ကို ၂၀၁၅ မေလက သေဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခု အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် သေဒဏ်ကနေ မစ္စတာ မော်စီ လွတ်မြောက်ခဲ့ပေမယ့် သူ့ကို တခြား ပြစ်မှုတွေနဲ့ ပတ်သက်ပြီး နှစ်ရှည် ထောင်ဒဏ် ၃ ခု ချမှတ်ထားတာ ရှိနေပါသေးတယ်။