ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ကို အကြီးမားဆုံး တိုးချဲ့မည်

  • 16 နိုဝင်ဘာ 2016
Image caption ၁၉၄၀ နောက်ပိုင်း အကြီးဆုံး တိုးချဲ့မယ့် အစီအစဉ်တွေကို ဘီဘီစီက ထုတ်ပြန်။

ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ် BBC World Service ကို နှစ်ပေါင်း ၇၀ ကျော် အတွင်း အကြီးမားဆုံး တိုးချဲ့ ထုတ်လွှင့်မယ့် အစီအစဉ် အသေးစိတ်ကို ဘီဘီစီက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ အစီအစဉ်အရ ဘာသာစကား ဌာနသစ် ၁၁ ဌာနကို တိုးချဲ့မှာ ဖြစ်တဲ့အပြင် ဆိုရှယ်မီဒီယာနဲ့ နည်းပညာ အသစ်တွေ သုံးပြီး မိုဘိုင်းဖုန်းတွေကနေ သတင်းတွေကို အလွယ်တကူ ရယူ ကြည့်ရှုနိုင်စေမယ့် အစီအစဉ်တွေနဲ့ ရေဒီယို အစီအစဉ် တွေကို တိုးချဲ့ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

တိုးချဲ့မယ့် ဘာသာစကား ဌာနသစ် တွေဖြစ်တဲ့ ကိုရီးယား၊ ဂူဂျာရပ်တီး၊ ပန်ဂျာပီ အပါအဝင် ဘာသာ စကား ဌာန ၁၁ ခု နဲ့ပါဆိုရင် ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်မှာ ဘာသာစကား ဌာနပေါင်း ၄၀ ရှိလာမှာ ဖြစ်ပါတယ်။

ထိုင်း ဘာသာစကား အစီအစဉ်ကိုလည်း ၂၀၁၄ ခုနှစ်က ယာယီ အနေနဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ပြပေးနေခဲ့ရာက အခု ဝက်ဆိုက်ကိုပါ တိုးချဲ့ တင်ဆက်မှာ ဖြစ်ပါတယ်။

လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ကို ခြိမ်းခြောက် ခံနေရတဲ့ ဒေသတွေ အပါအဝင် ကမ္ဘာတလွှားက လူ သန်းပေါင်း များစွာ ဆီကို ဘီဘီစီရဲ့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ သတင်းတွေ၊ သုံးသပ်ချက်တွေ ပို့ဆောင်ပေးနိုင်ဖို့ ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်က ရည်ရွယ် ဆောင်ရွက်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ