ကမ္ဘာ့ အကြီးကျယ်ဆုံး မင်္ဂလာပွဲ အိန္ဒိယမှာ လုပ်

  • 16 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Janardhana Reddy Family
Image caption ပြည်နယ်ဝန်ကြီးဟောင်း မိုင်းလုပ်ငန်းရှင်ရဲ့ သမီးဖြစ်သူ မင်္ဂလာပွဲ။

ကမ္ဘာ့ အခမ်းနား အကြီးကျယ်ဆုံး မင်္ဂလာပွဲ တစ်ခုကို အိန္ဒိယ နိုင်ငံ တောင်ပိုင်း ကာနာတာကာ ပြည်နယ်မှာ ရက်အနည်းငယ် ကြာအောင် ကျင်းပခဲ့ရာမှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပြည်နယ် ဝန်ကြီးဟောင်း ဖြစ်တဲ့ မိုင်းလုပ်ငန်းရှင်ကြီး ဂျာနာဒါနာ ရက်ဒီ ရဲ့ သမီး မင်္ဂလာပွဲ ဖြစ်ပြီး အနည်းဆုံး ဒေါ်လာ ၇၄ သန်း သုံးစွဲ ကုန်ကျခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

သူတို့သမီးရဲ့ ဆာရီဝတ်စုံက ဒေါ်လာ ၂ သန်းခွဲ တန်ပြီး လက်ဝတ်လက်စား ရတနာတွေက ဒေါ်လာ ၁၃ သန်းဖိုး ရှိတယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းမှာ အိန္ဒိယရဲ့ တန်ဖိုးအကြီးဆုံး ငွေစက္ကူတွေကို ရုပ်သိမ်းခဲ့လို့ သန်းနဲ့ချီတဲ့ အိန္ဒိယ ပြည်သူတွေ ငွေကြေး အကျပ်အတည်း တွေ့နေကြချိန်မှာ အခုလို ကမ္ဘာ့ အကြီးကျယ်ဆုံး မင်္ဂလာပွဲ ပေါ်ပေါက်လာတဲ့အပေါ် လူအများအပြားက ဒေါသနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။

တချို့ကတော့ ဒီကုန်ကျငွေတွေကို မစ္စတာ ရက်ဒီက လွန်ခဲ့တဲ့ ၆ လ ကတည်းက ပေးချေထားတာ ဖြစ်လို့ ဒေါသနဲ့ ဝေဖန်တာတွေက မတရားဘူး ဆိုပြီး ပြောကြပါတယ်။

ဒါပေမယ့် ဘောလိဝုဒ် အကျော်အမော် တွေကိုပါ ဒီမင်္ဂလာပွဲကို တခမ်းတနား ဖိတ်ခေါ် ဖျော်ဖြေခိုင်းတာကို တွေ့ရတဲ့အတွက် ဝေဖန်သူတွေ ကတော့ ဒီပွဲဟာ ရွံစရာ ကြွယ်ဝမှု ပြတဲ့ပွဲ ဆိုပြီး သုံးနှုန်း ဝေဖန်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ