အလက်ပို က တစ်ခုတည်း ကျန်တဲ့ ဆေးရုံ တိုက်ခိုက်ခံရ

  • 17 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Independent Doctor Association
Image caption ဆေးရုံ တွေကို ဦးတည်ပြီး တိုက်ခိုက်တာ တွေ ရပ်တန့်ဖို့ WHO က တောင်းဆို

ဆီးရီးယား နိုင်ငံ အလက်ပို မြို့မှာ ရုရှ က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ခဲ့ပြီး အနည်းဆုံး လူ ၃၀ ခန့် သေဆုံး ခဲ့ရကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ကြီး က ပြောပါတယ်။

ရုရှ ဘက်က လုပ်တဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း အလက်ပို မြို့မှာ တစ်ခုတည်း ကျန်တော့ တဲ့ ဘိုင်ယန်း ကလေး ဆေးရုံ လည်း ထိခိုက် ပျက်စီး ခဲ့ရပါတယ်။

ဆေးရုံ တွေကို တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်နေတာ မြင် ရတာ တုန်လှုပ် ချောက်ချား မိကြောင်း၊ ဆီးရီးယား က ဆေးရုံ တွေ နဲ့ ဝန်ထမ်း တွေဟာ ဒီနှစ် ထဲမှာ တိုက်ခိုက်မှု အများဆုံး ခံခဲ့ရကြောင်း၊ ဆေးရုံ တွေကို ဦးတည်ပြီး တိုက်ခိုက်တာ တွေ ရပ်တန့်ဖို့ WHO က တောင်းဆို ခဲ့ပါတယ်။

လေကြောင်း တိုက်ခိုက်မှု အတွင်း ဆေးရုံ က လူနာ တွေ နဲ့ ဆေးရုံ ဝန်ထမ်း တွေဟာ မြေအောက် ခန်း ထဲ ကို ပြေးဝင် ခိုလှုံ ခဲ့ရကြောင်း ဘိုင်ယန်း ကလေး ဆေးရုံ အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

သူပုန်တွေ ထိန်းချုပ်တဲ့ နယ်မြေ က ဆေးရုံ တွေကို ဆီးရီးယား အစိုးရ က တိုက်ခိုက် နေတာ တွေဟာ သူပုန်တွေ လက်နက်ချဖို့ ဖိအားပေး တိုက်ခိုက် နေတာ ဖြစ်ကြောင်း ဆီးရီးယား မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် က သုံးသပ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ