အလက်ပ်ပိုမှာ ၃ ရက် အတွင်း အယောက် ၆ဝ ဝန်းကျင် သေဆုံး

  • 17 နိုဝင်ဘာ 2016
Image caption အလက်ပ်ပို အရှေ့ဘက်ခြမ်း နယ်မြေတွေကို ဆီးရီးယား အစိုးရတပ်က ပြန်လည် တိုက်ခိုက်

ဆီးရီးယား နိုင်ငံ အလက်ပ်ပို မြို့မှာ သူပုန် ထိန်းချုပ် နယ်မြေတွေကို တိုက်ခိုက် လာခဲ့ပြန်တဲ့ ဗုံးကြဲမှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အခု နောက်ဆုံး ဖြစ်ရပ် တွေ အတွင်း အရပ်သား ၂၅ ယောက် သေဆုံး ခဲ့ရတယ်လို့ ဆီးရီးယား အရေး စောင့်ကြည့် နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ နိုဝင်ဘာ ၁၅ ရက် က စပြီး အလက်ပ်ပို အရှေ့ဘက်ခြမ်း နယ်မြေတွေကို ဆီးရီးယား အစိုးရတပ်က ပြန်လည် တိုက်ခိုက် လာတာ ဖြစ်ပါတယ်။

အဲဒီ အင်္ဂါနေ့က စလို့ ၃ ရက် အတွင်း သေဆုံးသူ အနည်းဆုံး အယောက် ၆ဝ ရှိနေပြီ ဖြစ်တယ် ဆိုပြီး ဆီးရီးယား လူ့ အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

အရှေ့ဘက်ခြမ်း နယ်တွေထဲ စည်းပိုင်းဗုံးတွေ ဖြုတ်ချ ပေါက်ကွဲသံတွေကို ကြားနေ ခဲ့ရတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

ဒါ့အပြင် အလက်ပ်ပိုကို ချိန်ရွယ် ပစ်ခတ်နေတဲ့ ရုရှားရဲ့ ခရူ့ဇ် ဒုံးကျည် တစ်စင်းကိုလည်း တွေ့ခဲ့ ကြရပါတယ်။

ဒုံးကျည်ဟာ မြို့ကို ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်ဘူးလို့ မော်စကို အစိုးရက အစောပိုင်းက ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ