နေတိုးတပ်ဖွဲ့ထဲက တူရကီ အရာရှိတွေ ခိုလှုံခွင့်တောင်း

  • 18 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty Images
Image caption အာဏာသိမ်းဖို့ ကြိုးပမ်းမှု အပြီး ထောင်သောင်းချီတဲ့ ဝန်ထမ်းတွေကို အစိုးရက ထုတ်ပယ်ခဲ့။

တူရကီနိုင်ငံမှာ ဇူလိုင်လက မအောင်မြင်တဲ့ အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့အပြီးမှာ နေတိုး တပ်ဖွဲ့ဝင် တူရကီ အရာရှိတွေက နိုင်ငံရေး ခိုလှုံခွင့်တွေ တောင်းခဲ့ကြတယ်လို့ နေတိုး အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောပါတယ်။

အဲဒီ တူရကီ အရာရှိတွေဟာ သူတို့ တာဝန်ကျရာ နိုင်ငံ အသီးသီးမှာ ခိုလှုံခွင့်တွေ တောင်းခံ ခဲ့ကြတာလို့ နေတိုး အတွင်းရေးမှူးချုပ်က ပြောပြီး၊ သူတို့ရဲ့ အမည်တွေနဲ့ ခိုလှုံခွင့် တောင်းတဲ့ အကြောင်းပြချက် တွေကိုတော့ ထုတ်ပြော မသွားပါဘူး။

အဲဒီလို ခိုလှုံခွင့် တောင်းခံမှုတွေအတွက် ပတ်သက်ရာ နိုင်ငံတွေက သီးခြားစီ လက်ခံ စဉ်စားကြဖို့ ရှိပါတယ်။

အာဏာသိမ်းဖို့ ကြိုးပမ်းမှု ဖြစ်ပွားအပြီး ဇူလိုင်လ နောက်ပိုင်းမှာ တူရကီ အစိုးရက သောင်းနဲ့ချီတဲ့ အစိုးရ ဝန်ထမ်းကို ထုတ်ပယ် ထိန်းသိမ်း ဖမ်းဆီးခဲ့ပါတယ်။

အဲဒီ ဝန်ထမ်းတွေ ထဲမှာ စစ်တပ်ထဲက အများအပြား ပါဝင်သလို ကျောင်းဆရာတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ တရားသူကြီးတွေနဲ့ သတင်းသမားတွေလည်း ပါဝင်ပါတယ်။