ထိပ်တန်းရာထူးတွေကို ဒေါ်နယ်ထရမ့် စတင် ရွေးချယ်

  • 18 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ရှေ့နေချုပ်အဖြစ် ကမ်းလှမ်းခံရတဲ့ ဆီနိတ်တာ ဂျက် ဆက်ရှင်စ်က လူဝင်မှု ကိစ္စတွေအပေါ် အငြင်းပွားဖွယ် ပြောဆိုခဲ့ဖူး။

အမေရိကန် နိုင်ငံမှာ သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်က သူ့အစိုးရ အဖွဲ့မှာ ပါဝင်မယ့် သူတွေကို စတင် ရွေးချယ် နေပါတယ်။

နိုင်ငံတော် ရှေ့နေချုပ် ရာထူးနေရာအတွက် အယ်လ်ဘားမား ပြည်နယ် ဆီနိတ်တာ ဂျက် ဆက်ရှင်စ်ကို ကမ်းလှမ်း လိုက်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အစိုးရ ရှေ့နေဟောင်း မစ္စတာ ဆက်ရှင်စ်ဟာ ၁၉၉၆ ခုနှစ်မှာ ဆီနိတ်တာ အဖြစ် ရွေးကောက် ခံခဲ့ရသူဖြစ်ပြီး မဲဆွယ်ကာလ တလျှောက်မှာ ဒေါ်နယ်ထရမ့်ရဲ့ အရင်းနှီးဆုံး မဟာမိတ် ဖြစ်ခဲ့သူပါ။

တစ်ခါ မွတ်ဆလင်တွေကို စိုးရိမ်ကြောက်ရွံ့တယ် ဆိုတာ ယုတ္တိတန်ပါတယ် ဆိုပြီး တွစ်တာကနေ ပြောခဲ့တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး Michael Flynn ကိုတော့ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် အဖြစ် ဒေါ်နယ်ထရမ့်က ကမ်းလှမ်းခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် ရွေးချယ်လိုက်တဲ့ သူတို့ နှစ်ယောက်စလုံးဟာ လူမျိုးရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် အမြင် ရှိကြသူတွေ ဖြစ်ပါတယ်။

သူတို့ကို အဲဒီ ရာထူးတွေ ကမ်းလှမ်းတဲ့အကြောင်းကို မစ္စတာ ထရမ့်ကိုယ်တိုင်ကတော့ အတည်ပြု ပြောဆိုခြင်း မရှိသေးပါဘူး။

စီအိုင်အေ ညွှန်ကြားရေးမှူးချုပ် နေရာကိုတော့ ကန်ဆက်စ်ပြည်နယ် လွှတ်တော်အမတ် Mike Pompeo ကို ကမ်းလှမ်းထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ