ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့သူ ရွမ်မ်နီ နဲ့ ထရမ့် တွေ့ဆုံ

  • 20 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ရာထူး ကို မစ် ရွမ်မ်နီ ကို လျာထား တဲ့ အတွက် အခုလို တွေ့ ဆုံ တာ ဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြ

၂၀၁၂ ခုနှစ် တုန်း က ရီပတ် ဘလီကန် ပါတီ သမ္မတလောင်း အဖြစ် ရွေးကောက်ပွဲ ဝင်ပြိုင် ခဲ့ဖူးတဲ့ မစ် ရွမ်နီ နဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ အနိုင် ရရှိ ထားတဲ့ ဒေါ်နယ် ထရမ့် တို့ တွေ့ ဆုံ ခဲ့ကြပါတယ်။

ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး စဉ် ကာလတွေ မှာတုန်း က ဒေါ်နယ် ထရမ့် ဟာ လူလိမ် လူညာ တစ်ယောက် လို့ မစ္စတာ ရွမ်မ်နီ က ပြောဆို ခဲ့ဖူး ပါတယ်။

အခုတော့ သူတို့ နှစ်ယောက် တွေ့ဆုံမှု အပြီး မှာတော့ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ရာထူး ကို မစ် ရွမ်မ်နီ ကို လျာထား တဲ့ အတွက် အခုလို တွေ့ ဆုံ တာ ဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။

သူတို့ နှစ်ဦး တွေ့ဆုံမှု ပြီးလို့ ပြန်ထွက် လာရာမှာ သတင်းထောက် တွေက တစ်ခုခု ကြေညာဖို့ ရှိ မရှိ မေးမြန်း ခဲ့ရာမှာ စောင့်ကြည့် ကြဖို့ ဒေါ်နယ် ထရမ့် က သတင်းထောက် တွေ ကို ပြန်လည် ပြောကြား ခဲ့ပါတယ်။

ဒေါ်နယ် ထရမ့်က သူ့ ရဲ့ အစိုးရ အဖွဲ့ ဝင်တွေကို ရွေးချယ် ရာမှာ သူနဲ့ အရင်တုန်း က ကတောက်ကဆ ဖြစ်ခဲ့ဖူးသူ၊ နောက်ပြီး လူဝင်မှု ကြီးကြပ်ရေး နဲ့ပတ်သက်လို့ တင်းတင်း ကျပ်ကျပ် ကိုင်တွယ် လိုသူ စတဲ့ အငြင်းပွားဖွယ်ရာ လူအချို့ ကို ခန့်ထား ဖို့ ရည်ရွယ်နေတာ ကို တွေ့ရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ