ဂျာမဏီမှာ မစ္စ မာကယ် ၄ ကြိမ်မြောက် အရွေးခံမယ်

  • 20 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP/Getty Image
Image caption ချန်ဆယ်လာလို့ခေါ်တဲ့ ဂျာမန်ဝန်ကြီးချုပ်ရာထူးကို မစ္စ မာကယ် ရယူထားတာ ၁၁နှစ် ရှိပြီ ဖြစ်ပါတယ်

ဂျာမဏီ ဝန်ကြီးချုပ် အာဂလာ မာကယ်က သူ့ရဲ့ စတုတ္ထမြောက် သက်တမ်းအတွက် အရွေးခံမယ်လို့ သူ့ရဲ့ ပါတီဖြစ်တဲ့ ခရစ်ရှန် ဒီမိုကရက်တစ် ပါတီ (CDP) ရဲ့ အကြီးတန်း အဖွဲ့ဝင်တွေကို ပြောကြားလိုက်ပါတယ်။

မစ္စ မာကယ် အခုလို အရွေးခံမယ့် အကြောင်းကို ဒီနေ့ညနေပိုင်းမှာ ကြေညာမယ်လို့ ဂျာမန်သတင်းဌာန (DPA) က ပြောပါတယ်။

ချန်ဆယ်လာလို့ခေါ်တဲ့ ဂျာမန်ဝန်ကြီးချုပ်ရာထူးကို မစ္စ မာကယ် ရယူထားတာ ၁၁နှစ် ရှိပြီ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံက ဥရောပ သမဂ္ဂက ထွက်ဖို့ ပြင်ဆင်နေတဲ့ အခြေအနေနဲ့ အမေရိကန်နိုင်ငံမှာ မထင်မှတ်ပဲ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာတဲ့ အခြေအနေတွေလို မှန်းလို့မရတဲ့ အခြေအနေတွေကြားမှာ မစ္စ မာကယ်က ဥရောကကို ထိန်းကျောင်းပေးတဲ့ ခေါင်းဆောင် တယောက်ကို အများက သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် မစ္စ မာကယ်ဟာ ရွေ့ပြောင်းဝင်ရောက်လာသူ ၁သန်းအတွက် ဂျာမန်နယ်စပ်ကို ဖွင့်ပေးဖို့ ဆုံးဖြတ်ချက်ကို မနှစ်က လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ ကြိုးစားခဲ့ပေမယ့် မဲပေးသူတွေ အကြားမှာ လူကြိုက်နည်းသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ