သမ္မတလောင်း နေရာ အတွက် ဖရန်ဆွာ ဖီယွန်း ပါတီတွင်း ဦးဆောင်နေ

  • 21 နိုဝင်ဘာ 2016
Image caption သမ္မတ ဖြစ်လာနိုင်တဲ့ ဝန်ကြီးချုပ်ဟောင်း ဖရန်ဆွာ ဖီယွန်း

ပြင်သစ်နိုင်ငံမှာ ဗဟိုလက်ျာ နိုင်ငံရေး အယူအဆရှိတဲ့ ရီပတ်ဘလစ်ကင် ပါတီတွင်း ပါတီကို ကိုယ်စားပြုပြီး ဘယ်သူ သမ္မတ လောင်း အဖြစ် ရွေးကောက်ပွဲ ဝင်မလဲ ဆိုတာကို ရွေးချယ် ခဲ့တာမှာ ဝန်ကြီးချုပ်ဟောင်း ဖရန်ဆွာ ဖီယွန်း က မမျှော်လင့်ပဲ အနိုင်ရခဲ့ပါတယ်။

ဒါပေမယ့် မဲ အားလုံးရဲ့ ၅ဝ% ကျော် မရ ရှိနိုင်ခဲ့တဲ့ အတွက်၊ ဒုတိယ နေရာက နောက် ဝန်ကြီးချုပ် ဟောင်း တစ်ယောက်ပဲ ဖြစ်တဲ့ အလန်း ယူပေးနဲ့ ဒုတိယ အကျော့ ပြိုင်ရ ဦးမှာပါ။

သမ္မတဟောင်း နီကိုလာ ဆာကိုဇီးက တတိယ နေရာပဲ ရခဲ့ပြီး ရှုံးနိမ့်ကြောင်း ဝန်ခံ ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ သမ္မတ ဖရန်ဆွာ အိုလော်န် ဦးဆောင်တဲ့ ဆိုရှယ်လစ် ပါတီ ဖယိုဖရဲ ဖြစ်နေပြီး၊ မာရီးန် လီပင်း ဦးဆောင်တဲ့ အမျိုးသား တပ်ဦး လက်ျာစွန်း ပါတီနဲ့ ယှဉ်ရင်လည်း ရီပတ်ဘလစ်ကင် တွေ အပေါ် လူကြိုက် များတာကြောင့် ရီပတ်ပလစ်ကင်ရဲ့ သမ္မတလောင်း ဖြစ်လာမယ့် သူဟာ ပြင်သစ်ရဲ့ နောက်တက် လာတဲ့ သမ္မတ ဖြစ်လာ နိုင်တယ်လို့ ထင်ကြေးပေး ယူဆ နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ