ဗိုလ်ချုပ်ကြီး မက်ဒေါ့ဂ် ကာကွယ်ရေး ဝန်ကြီး ဖြစ်လာဖွယ် ရှိ

  • 21 နိုဝင်ဘာ 2016
Image caption သမ္မတ အိုဘားမားရဲ့ မူဝါဒ အပေါ် အပြင်းအထန် ဆန့်ကျင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး မက်တစ်

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲ နိုင်ထားတဲ့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ အစိုးရ အဖွဲ့ ကက်ဘိနက်ထဲ ပါဝင် လာနိုင်ဖွယ် ရှိတဲ့ နောက်ထပ် သူတွေနဲ့ တွေ့ဆုံ နေပါတယ်။

နယူးဂျာဆီ မှာ ရှိတဲ့ သူ့ရဲ့ ဂေါ့လ်ဖ် ကလပ် မှာ တွေ့ နေတာပါ။

ထရမ့်နဲ့ တွေ့နေ ကြသူတွေထဲ အမေရိကန် စစ်တပ် အတွင်း Mad Dog ခွေးရူး ဆိုတဲ့ နာမည်ပြောင်နဲ့ အသိများကြတဲ့ ဗိုလ်ချုပ်ကြီး ဂျိမ်းစ် မက်တစ် လည်း ပါဝင် နေပြီး၊ ဗိုလ်ချုပ်ကြီး မက်တစ်ဟာ ကာကွယ်ရေး ဝန်ကြီး ဖြစ်လာဖို့ အလားအလာ ကောင်းနေပါတယ်။

အီရန်ရဲ့ နယျူကလီယာ အစီအစဉ်နဲ့ ပတ်သက်ပြီး ညှိနှိုင်း သဘော တူညီမှုတွေ ပြုလုပ်ခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ မူဝါဒ အပေါ် အပြင်းအထန် ဆန့်ကျင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး မက်တစ် ဟာ အထင်ကြီး အားကျစဖွယ် ပုဂ္ဂိုလ် တစ်ဦး ဖြစ်တယ် ဆိုပြီး ထရမ့်က သူ့ရဲ့ လူမှုကွန်ရက် တွစ်တာ စာမျက်နှာထက် ရေးသား ခဲ့ဖူးပါတယ်။

ထရမ့်ဟာ နိုင်ငံခြားရေး ဝန်ကြီး နေရာကို သမ္မ အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ဖူးတဲ့ မစ် ရွမ်နီကို ပေးလာ နိုင်တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

ထရမ့်ဟာ လူတွေ အပေါ် နိုင့်ထက်ကလူ ပြုမူသူ၊ လူလိမ်လူညာ တစ်ဦး ဖြစ်တယ်လို့ မစ္စတာ ရွမ်နီက ခေါ်ဆို ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ