အိန္ဒိယ ရထားမှောက်မှု၊ ရှာဖွေရေးတွေ အဆုံးသတ်

  • 21 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption တနင်္ဂနွေနေ့ ရထားမှောက်မှုက ၁၄ နှစ်အတွင်း အသေအပျောက် အများဆုံးဖြစ်။

အိန္ဒိယ နိုင်ငံ၊ အူတာ ပရာဒက်ရှ် ပြည်နယ်မှာ တနင်္ဂနွေနေ့က အမြန်ရထား တစ်စီး လမ်းချော် တိမ်းမှောက်ခဲ့ပြီးနောက် တွဲတွေကြား ပိတ်မိနေသူတွေကို ရှာဖွေနေခဲ့ရာမှာ ဒီကနေ့ တနင်္လာနေ့မှာတော့ ရှာဖွေ ကယ်ဆယ်ရေးတွေကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

နောက်ဆုံး စာရင်းအရ သေဆုံးသူ ၁၄၂ ယောက် ရှိပြီး ၁၈၀ ကျော် ဒဏ်ရာ ရခဲ့ကြတယ်လို့ အိန္ဒိယ မီးရထား ဝန်ကြီးဌာနက ပြောပါတယ်။

အင်ဒိုး-ပတ္တနား အမြန်ရထားဟာ တနင်္ဂနွေနေ့ မနက် လင်းအားကြီး အချိန် ၃ နာရီမှာ ကန်ပူ မြို့အနီးမှာ တိမ်းမှောက်ခဲ့တာပါ။

ရထားမှောက်ရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် တချို့ သတင်းတွေအရ သံလမ်း ကျိုးပျက်မှုကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။

အိန္ဒိယမှာ မီးရထား မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပြီး တနင်္ဂနွေနေ့ မတော်တဆမှုကတော့ ၁၄ နှစ်အတွင်းမှာ အသေအပျောက် အများဆုံး ဖြစ်လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ