သက်ငယ် လိင်ဆက်ဆံနိုင်ခွင့် ဥပဒေကြမ်း တူရကီ ပယ်ဖျက်

  • 22 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဒီဥပဒေကြမ်းကို ရှုံ့ချ ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့။

တူရကီ နိုင်ငံမှာ အသက်မပြည့်တဲ့ မိန်းကလေးတွေနဲ့ လိင်ဆက်ဆံတဲ့ အမျိုးသားတွေကို တချို့ အခြေအနေတွေမှာ အပြစ်ကနေ ကင်းလွတ်ခွင့် ပေးမယ့် ဥပဒေကြမ်းကို အစိုးရက အတည်မပြုတော့ဘဲ ပယ်ဖျက် လိုက်ပါတယ်။

အဲဒီ ဥပဒေကြမ်းကို ဒီကနေ့ အင်္ဂါနေ့မှာ မဲခွဲ အတည်ပြုဖို့ စီစဉ်ထားတာ ဖြစ်ပြီး တူရကီ အနှံ့ ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့သလို နိုင်ငံတကာကလည်း ရှုံ့ချခဲ့ကြတာပါ။

အဲဒီ ဥပဒေကြမ်းအရ အသက် မပြည့်ပေမယ့် လက်ထပ်ထားတဲ့ မိန်းကလေး ဆိုရင်တော့ လင်ယောက်ျားက လိင်ဆက်ဆံရင် အပြစ်ကနေ ကင်းလွတ်ခွင့် ပေးနိုင်တာ ဖြစ်ပါတယ်။

ဒီဥပဒေသာ အတည်ဖြစ်လာခဲ့ရင် အသက်မပြည့်သူ မိန်းကလေးတွေကို သူတို့သမီးအဖြစ် လက်ခံ ထိမ်းမြားတာတွေနဲ့ သက်ငယ် မုဒိမ်းမှုတွေကို အားပေးရာ ရောက်လိမ့်မယ် ဆိုပြီး ကန့်ကွက် ရှုံ့ချခဲ့ကြတာ ဖြစ်ပါတယ်။

ကုလ သမဂ္ဂ အေဂျင်စီ တွေကလည်း ဒီဥပဒေကို အတည်မပြုဖို့ အတွက် တူရကီ အစိုးရကို အစောပိုင်းက တောင်းဆို ခဲ့ပါတယ်။

တူရကီ နိုင်ငံမှာ အသက် ၁၈ နှစ် မပြည့်သူတွေ တရားဝင် ထိမ်းမြား လက်ထပ်ခွင့် မရှိပေမယ့် ဘာသာရေး ဆိုင်ရာ အခမ်းအနားတွေမှာ သက်ငယ် ထိမ်းမြားတာတွေ လုပ်လေ့ရှိတဲ့ အလေ့အကျင့်ကတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ