အင်္ဂလိပ် စကားပြော ဒေသက ကင်မရွန်း ဆန္ဒပြသမားတွေ ဖြိုခွဲခံရ

  • 22 နိုဝင်ဘာ 2016
Image caption အနည်းဆုံး တစ်ယောက် သေဆုံးပြီး လူတချို့ ဒဏ်ရာ ရ

အာဖရိက အလယ်ပိုင်း နိုင်ငံဖြစ်တဲ့ ကင်မရွန်းမှာ အစိုးရကို ဆန့်ကျင် နေကြတဲ့ အင်္ဂလိပ် စကားပြော အနောက်မြောက် ဒေသက ဆန္ဒ ပြသမားတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယို ဗုံးတွေ၊ သေနတ်ကျည် အစစ်တွေ သုံးပြီး ပစ်ခတ် ဖြိုခွဲ ခဲ့ပါတယ်။

အနောက်မြောက် ဒေသရဲ့ မြို့တော် ဖြစ်တဲ့ ဘာမဲန်ဒါ မြို့မှာ ပေါ်ပေါက် ခဲ့တဲ့ အဲဒီ ဖြစ်ရပ် အတွင်း အနည်းဆုံး တစ်ယောက် သေဆုံးပြီး လူတချို့ ဒဏ်ရာ ရသွားပါတယ်။

အင်္ဂလိပ် ဘာသာ စကားကို အဓိက ပြောကြတဲ့ အနောက်မြောက် ဒေသက စာသင်ကျောင်းတွေ မှာ ပြင်သစ် စကား ပြောရမယ် ဆိုပြီး အစိုးရက အမိန့် ထုတ်လာ ခဲ့တဲ့ အပေါ် ကျောင်း ဆရာ ဆရာမ တွေက လက်သင့် မခံပဲ သပိတ်မှောက် နေရာ ကနေ ပြီးခဲ့တဲ့ တနင်္လာ နေ့က စလို့ လမ်းပေါ် ထွက် ဆန္ဒပြပွဲ တွေ ဖြစ် လာခဲ့တာပါ။

အနောက်မြောက် ဒေသ တရားရုံး တွေမှာလည်း ပြင်သစ် စကား ပြောရမယ် ဆိုတဲ့ အမိန့်ကို ရှေ့နေတွေ သပိတ်မှောက် ကန့်ကွက်နေတာ နှစ်လတာလောက် ရှိနေပြီ ဖြစ်ပါတယ်။

ကင်မရွန်းမှာ အများစုက ပြင်သစ် စကား ပြောကြသူတွေ ဖြစ်ပါတယ်။

အင်္ဂလိပ် စကားပြော ဒေသက သူတွေကတော့ သူတို့ အနေနဲ့ ညီတူညီမျှ အဆက်ဆံ မခံရပဲ၊ ချိုးနှိမ် ခံထား ရတယ်လို့ ပြောဆို နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ