တူနီရှား သမ္မတက အမေရိကန် ဒရုန်းတွေ နိုင်ငံ ပိုင်နက်ထဲ ပျံသန်းခွင့် ပြုထား

  • 23 နိုဝင်ဘာ 2016
Image caption အာဖရိက မြောက်ပိုင်းထိ အမေရိကန် ဒရုန်းတွေ ရောက်လာပြီ

တူနီရှားနဲ့ လစ်ဗျား နယ်စပ်တလျှောက် နယ်မြေတွေမှာ အမေရိကန် ထောက်လှမ်းရေး လူမဲ့ ဒရုန်း ယာဉ်ပျံတွေ ပျံဝဲ စောင့်ကြပ် နေတယ်လို့ တူနီရှား သမ္မတ ဘေဂျီ ကိုင်အတ် အဆက်ဘ်ဆီက အတည်ပြု ပြောပါတယ်။

ဒီလို အမေရိကန် ဒရုန်း တွေ ပျံသန်းခွင့်ကို သူကိုယ်တိုင် ခွင့်ပြု ခဲ့တာဖြစ်ပြီး၊ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ နယ်စပ် ဖြတ်ကျော် တိုက်ခိုက် လာမယ့် အန္တရာယ် တားဆီး နိုင်ဖို့ရာ ဖြစ်တယ်လို့ သမ္မတ အဆက်ဘ်ဆီက ပြောပါတယ်။

အခုနှစ် အစောပိုင်းက အစ္စလာမစ် လက်နက်ကိုင်တွေ တိုက်ခိုက်မှုကြောင့် တူနီရှားမှာ လူ ၅ဝ ကျော် သေဆုံး ခဲ့ရပါတယ်။

ဒါပေမယ့် အခုလို အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတစ်ခုရဲ့ ပိုင်နက်မြေထဲ အမေရိကန်ကို စစ်ရေး လှုပ်ရှားဖို့ ခွင့်ပြု ထားတာဟာ အင်မတန် အရေးကြီးတဲ့ ကိစ္စ ဖြစ်တဲ့ အတွက် အခြေအနေကို ရှင်းရှင်းလင်းလင်း တိတိကျကျ သိချင်တယ် ဆိုပြီး တူနီရှား ပါလီမန် အမတ်တွေက သမ္မတကို ဖြေရှင်းဖို့ တောင်းဆို နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ