အစ္စရေးတောမီး ၆ ခါ လောင်ပြီး လူသောင်းချီထွက်ပြေး

  • 25 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Ariel Schalit
Image caption မီးကြောင့် ဟိုင်ဖာ မြို့မှာ လူ ၆ သောင်းကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေး

အစ္စရေး နိုင်ငံ မြောက်ပိုင်းမှာ ကူးစက် လောင်ကျွမ်းနေတဲ့ မီးဟာ ရှို့မီးဖြစ်ခဲ့မယ် ဆိုရင် အကြမ်းဖက် လုပ်ရပ်အဖြစ် အရေးယူသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက သတိပေးလိုက်ပါတယ်။

မီးကြောင့် လူ ၆ သောင်းကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရတဲ့ ဟိုင်ဖာ မြို့မှာ နေတန်ညာဟုက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း အစ္စရေးမှာ တောမီး ၆ ခါ လောင်ပြီး အိမ်ရာနဲ့ချီ မီးလောင် ဆုံးရှုံး ခဲ့ရပါတယ်။

မိုးခေါင်လို့ တောမီးလောင်တာ ဖြစ်ပြီး တခြားနိုင်ငံတွေကပါ မီးသတ် လေယာဉ်တွေ လွှတ်ပြီး ကူညီ ငြှိမ်းသတ် ပေးနေကြပါတယ်။