အီရန်မှာ ရထားနှစ်စီး တိုက်မိ၊ ၃၁ ယောက် သေဆုံး

  • 25 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် EPA

အီရန် နိုင်ငံ မြောက်ပိုင်းမှာ ရထား နှစ်စီး တိုက်မိမှုကြောင့် အနည်းဆုံး ၃၁ ယောက် သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သောကြာနေ့ အစောပိုင်းက မြို့နှစ်မြို့ကြား ပြေးဆွဲတဲ့ အမြန်ရထား လိုင်းပေါ်မှာ စက်ချို့ယွင်းလို့ ရပ်သွားတဲ့ ရထားတစ်စီးကို နောက်တစ်စီးက နောက်ကနေ ဝင်တိုက်မိခဲ့တာလို့ သိရပါတယ်။

မြို့တော် တီဟီရန်ရဲ့ အရှေ့ဘက် မိုင် ၁၅၀ လောက် အကွာ၊ ရေခဲမှတ်အောက် ရောက်အောင် အေးခဲ့တဲ့ အရပ်မှာ ဒီရထားတိုက်မှု ဖြစ်ပွားခဲ့တာပါ။

သေဆုံးသူတွေထဲမှာ ၄ ယောက်က ရထား ဝန်ထမ်းတွေ ဖြစ်တယ်လို့ အီရန် အစိုးရ မီဒီယာက ပြောပါတယ်။

ဒဏ်ရာရသူ အယောက် ၇၀ ကျော် ရှိပြီး အလှမ်းကွာဝေးတဲ့ နေရာမှာ ဖြစ်ပွားခဲ့တဲ့ အတွက် ကယ်ဆယ်ရေးတွေ အကန့်အသတ်နဲ့သာ သွားရောက်နိုင်တယ်လို့ ဆိုပါတယ်။