မဲ ပြန်လည် ရေတွက်ဖို့ အမေရိကန် ဂရင်းပါတီ တိုင်ကြား

  • 26 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် က ကျဉ်းမြောင်း တဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့

အမေရိကန် နိုင်ငံက ဝစ်ကွန်ဆင် ပြည်နယ်မှာ မဲရေတွက်မှု တွေ ပြန်လုပ် ပေးဖို့ ဂရင်း ပါတီ ကနေ သမ္မတ လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့တဲ့ ဒေါက်တာ ဂျေး စတိုင်း က ရွေးကောက်ပွဲ ကော်မရှင် ကို တရားဝင် တိုင်ကြား လိုက်ပါတယ်။

ဝစ်ကွန်ဆင် ပြည်နယ် မှာ ဒီမိုကရက် သမ္မတလောင်း ဟီလာရီ ကလင်တန် ကို ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် က ကျဉ်းမြောင်း တဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တာ ဖြစ်ပါတယ်။

မဲ ပြန်လည် ရေတွက် ပေးဖို့ တောင်းဆို တဲ့ တိုင်ကြား စာ နဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက် မယ်လို့ ရွေးကောက်ပွဲ ကော်မရှင် တာဝန် ရှိသူ တစ်ဦး က ပြော ပါတယ်။

မီချီဂန် နဲ့ ပင်ဆယ်ဗေးနီးယား ပြည်နယ် တွေမှာပါ မဲရေ တွက်မှု တွေ ပြန်လုပ် ပေးဖို့ ဂရင်း ပါတီ ရဲ့ သမ္မတလောင်း မစ္စစ် ဂျေး စတိုင်း က ရွေးကောက်ပွဲ ကော်မရှင် ကို တိုင်ကြား ထားပါတယ်။

အင်တာနက် ဖောက်ထွင်း ဝင်ရောက်မှု တွေကြောင့် ဒေါ်နယ် ထရမ့် က အနိုင် ရရှိသွားတာမျိုး မဖြစ်စေချင်ဘူးလို့ ဂရင်း ပါတီ သမ္မတလောင်း ကပြောကြောင်း အမေရိကန် သတင်းဌာန တွေမှာ ဖော်ပြနေပါတယ်။

အဲဒီ ပြည်နယ် ၃ ခု က မဲ ပြန်လည် ရေတွက်မှု စားရိတ် ကို ကာမိဖို့ ခန့်မှန်းခြေ ဒေါ်လာ ၇ သန်း ခန့် အလှူငွေ ရရှိဖို့ ဒေါက်တာ စတိုင်း အနေနဲ့ ကြိုးစားရမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ဒေါ်လာ ၅.၃ သန်း ခန့် ရရှိထားပြီး ဖြစ်ကြောင်း ဒေါက်တာ စတိုင်းရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

လတ်တလော ရရှိ ထားတဲ့ ဒီ ငွေကြေး အတိုင်းအတာ နဲ့ ဝစ်ကွန်ဆင် နဲ့ ပင်ဆယ်ဗေးနီးယား ပြည်နယ် က မဲရေတွက်မှုတွေ ကို ပြန်လုပ် နိုင်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ