တစ်အိမ်ထောင် ကလေး နှစ်ယောက် မူဝါဒဟာ လုပ်သား လိုအပ်ချက် မပြည့်မီနိုင်

  • 29 နိုဝင်ဘာ 2016
Image caption မြို့ပြနေ အိမ်ထောင်သည် တွေကို ကလေး နှစ်ယောက် အထိ ယူခွင့် ပေး ထား

တရုတ်နိုင်ငံမှာ ကလေးဖွားနှုန်းကို ထိန်းချုပ်ထားတဲ့ တစ်အိမ်ထောင် ကလေး နှစ်ယောက် မူဝါဒ အပေါ် အစိုးရရဲ့ တရားဝင် သုံးသပ်ချက် ထွက်ပေါ် လာပါတယ်။

တရုတ် ပြည်မကြီးထဲ အခုနှစ်ထဲ ဖွားမြင်တဲ့ ကလေး အရေအတွက် စုစုပေါင်း ၁၇.၅ သန်း ကျော် လိမ့်မယ်လို့ အဲဒီ့ သုံးသပ်မှုထဲ ဖော်ပြ ထားပါတယ်။

ဒါဟာ ၂၀၁၅ တုန်းကနဲ့ နှိုင်းယှဉ်ရင် ၅.၇% တိုးမြင့် လာတာ ဖြစ်ပေမယ့် ၊ တရုတ်နိုင်ငံမှာ ကုန်ထုတ်လုပ်မှုထဲ ပါဝင်နိုင်တဲ့ အသက်အပိုင်း အခြား လျော့နည်း ကျဆင်း လာနေတာကို ကာမိလောက်အောင် ပြည့်မှီမှု မရှိဘူးလို့ ဆိုပါတယ်။

တစ်အိမ်ထောင် ကလေး တစ်ယောက် ကန့်သတ်ချက် ကနေ တရုတ်အစိုးရက ဖြေလျှော့ပြီး မြို့ပြနေ အိမ်ထောင်သည် တွေကို ကလေး နှစ်ယောက် အထိ ယူခွင့် ပေး ထားတာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံမှာ သက်ကြီး ရွယ်အို ဦးရေ အချိုးအစား အလျင်အမြန် ကြီးထွား နေတာကို ထောက်ပံ့ နိုင်အောင် အတွက် အလုပ် လုပ်ကိုင် နိုင်တဲ့ ဦးရေကိုလည်း တိုးမြင့် လာစေဖို့ တရုတ် အစိုးရ အနေနဲ့ လုပ်ဆောင် နေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ