ဘရာဇီး ဘောလုံးသမားတွေ စီးနင်း လာတဲ့ လေယာဉ် က ဆီကုန်လို့ ပျက်ကျခဲ့ရ

  • 1 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အမြန်ဆုံး ဆင်းသက်ခွင့် ပေးဖို့ မြေပြင်စခန်း ကို တောင်းဆို

ဘရာဇီး ဘောလုံး ကလပ် ချာပီကိုအင်စီ အသင်းက ဘောလုံးသမားတွေ စီးနင်း လိုက်ပါ သွားတဲ့ လေယာဉ် ဟာ လျှပ်စစ်ပိုင်း ဆိုင်ရာ ချို့ယွင်း အားနည်းမှု ပြီးတော့၊ လောင်စာဆီ လျော့နည်းခဲ့မှုတွေကြောင့် ပျက်ကျခဲ့ရတာ ဖြစ်တယ် လို့ သိရပါတယ်။

လေယာဉ်မှူး က လျှပ်စစ်ပိုင်း ဆိုင်ရာ ချို့ယွင်းမှု ရှိနေကြောင်း သတင်း ပေး ပို့ခဲ့ပြီး နောက် မှာ မြေပြင် စခန်း နဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက် သွားကြောင်း ကိုလံဘီယာ လေကြောင်း ထိန်းသိမ်းရေး ဌာန တာဝန် ရှိသူက ပြောပါတယ်။

သတင်းဌာန တွေမှာတော့ လေယာဉ်မှူး က ဆီလျော့နည်း နေတဲ့ အတွက် အမြန်ဆုံး ဆင်းသက်ခွင့် ပေးဖို့ မြေပြင်စခန်း ကို တောင်းဆို တဲ့ အသံတွေကို ဖော်ပြ နေပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပွား ခဲ့တဲ့ လေယာဉ် ပျက်ကျမှု အတွင်းမှာ လေယာဉ် ပေါ်မှာ လိုက်ပါ လာတဲ့ ခရီးသည် ၇၇ ယောက်ထဲမှာ ၆ ယောက်ပဲ အသက်ရှင် ကျန်ရစ် တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ