ပြင်သစ်သမ္မတ နောက်ထပ် သက်တမ်းအရွေးမခံတော့

  • 2 ဒီဇင်ဘာ 2016
Image caption ပြင်သစ်သမ္မတ Francois Hollande

လာမယ့်နှစ်မှာ ကျင်းပမယ့် ပြင်သစ်သ မ္မတရွေးပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပြင်သစ်နိုင်ငံ ဆိုရှယ်လစ်ပါတီရဲ့ သမ္မတFrancois Hollande ကရုပ်မြင်သံကြားက တဆင့်နိုင်ငံကို ကြေညာ လိုက်ပါတယ်။ သူ့အနေနဲ့တိုင်းပြည်ကို ၄နှစ်ကျော် ရိုးသား ဖြောင့်မတ်စွာဉီးဆောင်ခဲ့ပြီး သူ့ရဲ့နိုင်ငံရေးအရ ရှုမြင်ချက်တွေကတော့ မပြောင်းဘူးလို့ဆိုပါတယ်။ သူပြန်အရွေးခံရင် သူ့ကိုထောက်ခံသူတွေကြား ညီညွတ်ရေးပျက်ပြားမှာစိုးလို့ အခုလိုဆုံးဖြတ်ရတာလို့လည်း ပြောပါတယ်။

အခုလအနည်းငယ်အတွင်းမှာ သူပြန်အရွေးခံရင် တွေ့ရမယ့် အတားအဆီးတွေဆက်ရှိနေပါတယ်။ အလုပ်လက်မဲ့ပြဿနာကို ကျဆင်းအောင် လုပ်နိုင်မှသူပြန်အရွေးခံမယ်လို့ အစက ပြောထားပါတယ်။ အခုအခါ အလုပ်လက်မဲ့နှုန်းစကျတာ တွေ့ရပေမယ့် အဲဒီရလဒ်တွေ အချိန်နှောင်းမှာအပေါ်ထွက်လာတာပါ။

လူထုစစ်တမ်းတွေမှာ သူ့အပေါ်ထောက်ခံမှုကျဆင်းနေပြီး စစ်တမ်းတခုကဆိုရင် ၄ရာနှုန်းပဲရှိတာတွေ့ရပါတယ်။ သူဟာ ဆုံးဖြတ်ချက် မပြတ်သားဘူး၊သြဇာအာဏာမရှိဘူးလို့ မဲပေးသူတွေက ထင်မြင်ယူဆကြပါတယ်။ သူစီးပွားရေး ကိုင်တွယ်တာနဲ့ ပတ်သက်လို့လည်း သူ့ရဲ့ ဆိုရှယ်လစ် ပါတီထဲမှာ အကြီးအကျယ် သဘောထား ကွဲနေပါတယ်။ လာမယ့်လ လက်ဝဲယိမ်း သူတွေရဲ့ အောက်ခြေမှာ သမ္မတလောင်းအဖြစ် သူ့ရဲ့ဝန်ကြီးချုပ် Manuel Valls ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ ဒီအောက်ခြေ ရွေးပွဲ ဘယ်သူပဲနိုင်နိုင် လာမယ့် နှစ်သမ္မ တရွေးပွဲအတွက် လက်ဝဲသမားတွေရဲ့ မဲရဖို့အကြိတ်အနယ် ပြိုင်ရမှာဖြစ်ပါတယ်။ ဒီလိုပြိုင်ရတဲ့အတွက် သူတို့အုပ်စုအနေနဲ့ ဒုတိယအကြော့ သမ္မတရွေးပွဲ ဆက်ပါဖို့အခက်အခဲတွေရှိနိုင်ပါတယ်။

အသက်၆၂အရွယ်သမ္မတ Francois Hollandeရဲ့ သက်တမ်းအတွင်း ပဲရစ်နဲ့နီးစ်မြို့ အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြင်သစ်နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ရပါတယ်။ သမရိုးကျ ရီပတ်ဘ လစ်ကန် ပါတီဘက်က Francois Fillon ကလာမယ့် သမ္မတရွေးပွဲအတွက် လူကြိုက်များနေပြီး National Front ကလက်ယာစွန်းဝါဒီ Marine Le Pen ကသူနဲ့အဓိက ပြိုင်ဘက်လာနိုင်တယ်လို့ လူထုဆန္ဒစစ်တမ်းတွေကဖေါ်ပြနေပါတယ်။