ဂျကာတာမြို့ဝန်ကိုဖမ်းဖို့ ဆန္ဒပြမှုတွေ ထပ်ဖြစ်

  • 2 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ဒီဆန္ဒပြပွဲတွေမှာ ဗဟိုအစိုးရကို ဖြုတ်ချဖို့ ကြံစည်တယ်လို့ ရဲတွေက စွပ်စွဲခဲ့တဲ့ လှုပ်ရှားသူ ၈ဦး အဖမ်းခံခဲ့ရ

အင်ဒိုနီးရှားနိုင်ငံမှာ ဂျကာတာမြို့မှာ ခရစ်ရှန်ဘာသာဝင် မြို့တော်ဝန်ကို ဘာသာရေး စော်ကားမှုနဲ့ လူပေါင်း သောင်းချီပြီး ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။

အဟော့လို့ လူသိများတဲ့ မြို့တော်ဝန် ဘဆူကီ ပူနားမားဟာ ကိုရန်ကျမ်းစာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တဲ့အတွက် ဆန္ဒပြသူတွေက သူ့ကို ဖမ်းဆီးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

မစ္စတာ ပူနားမားက နောက်ပိုင်းမှာ သူ့ရဲ့ မှတ်ချက်ကို တောင်းပန်ခဲ့ပေမယ့် ထောင် ငါးနှစ်အထိ ကျနိုင်တဲ့ ဘာသာရေးစော်ကားမှုကိုတော့ ငြင်းဆိုထားပါတယ်။

မစ္စတာ ပူနားမားကို ဖမ်းဆီးတာ မလုပ်ပေမယ့် အမှုအပြီးခင် နိုင်ငံတွင်းက ထွက်ခွာခွင့် ပိတ်ထားမယ်လို့ ရဲတွေက ပြောပါတယ်။

ဒီဆန္ဒပြပွဲတွေမှာ ဗဟိုအစိုးရကို ဖြုတ်ချဖို့ ကြံစည်တယ်လို့ ရဲတွေက စွပ်စွဲခဲ့တဲ့ လှုပ်ရှားသူ ၈ဦး အဖမ်းခံခဲ့ရပါတယ်။

မစ္စတာ ပူနားမားရဲ့ မိတ်ဆွေ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုလည်း ဆန္ဒပြပွဲကို တက်ရောက်ခဲ့ပြီး ခေါင်းအေးအေးထား ဖြေရှင်းဖို့ လူထုကို တိုက်တွန်းခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ