ဘောလုံးလောက အခွန်ရှောင်မှုတွေ ပေါက်ကြား

  • 3 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ရော်နယ်ဒိုရော၊ မိုရင်ညိုကရော စွပ်စွဲမှုတွေကို ငြင်းဆိုထား

မန်ယူနည်းပြ မိုရင်ညိုနဲ့ ရီးရဲကစားသမား ရိုနယ်ဒိုတို့ဟာ အခွန်နည်းတဲ့ နိုင်ငံငယ်တွေမှာ စာရင်းဖွင့် လှည့်ဖျားပြီး ဒေါ်လာသန်း ရာနဲ့ချီ အခွန်ရှောင်မှုတွေ လုပ်နေတယ်လို့ ဂျာမန်မဂ္ဂဇင်းတစောင်က ထုတ်ဖော်လိုက်ပါတယ်။

ဥရောပ စာနယ်ဇင်းသမား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ကြီးကြပ်ကိုင်တွယ်နေတဲ့ ဘောလုံးလောကအတွင်းက စာချုပ်မူရင်းတွေ၊ လျှို့ဝှက် သဘောတူမှုတွေနဲ့ အီးမေးတွေ ပါဝင်တဲ့ ပေါက်ကြားမှုတွေကို အခြေခံပြီး ဂျာမန်မဂ္ဂဇင်း ဒါစပီဂဲက ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

နောက်လာမယ့် ရက်သတ္တပတ်တွေမှာ တခြား နာမည်ကြီး ဘောလုံးလောက က လူတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို ဂျာမဏီ၊ စပိန်နဲ့ အင်္ဂလန်တို့က စာနယ်ဇင်းတွေက ဆက်လက် ထုတ်ဖော်သွားဖို့ ရှိတယ်လို့ ဒီပူးပေါင်းရေး အဖွဲ့က ပြောပါတယ်။

ရိုနယ်ဒိုရဲ့ ရှေ့နေတွေကတော့ သူတို့ရဲ့ ဘဏ္ဍာရေးကိစ္စတွေကို စပိန်အာဏာပိုင်တွေက စစ်ထားပြီးသားဖြစ်ပြီး ဘာမှ ပြဿနာမရှိဘူးလို့ ပြောပါတယ်။

မိုရင်ညိုရဲ့ ကိုယ်စားလှယ် ဂျော့မန်းဒက်စ်ရဲ့ ကုမ္ပဏီ ဂက်စတီဖြုကတော့ မိုရင်ညိုဟာ စပိန်နဲ့ အင်္ဂလန် အကောက်ခွန်ဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေ အကုန်လုံး လိုက်နာထားတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ