အလက်ပို တမြို့လုံး သိမ်းနိုင်တော့မယ်လို့ အစိုးရတပ်ပြော

  • 4 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပိုမြို့က အခြေအနေ

အလက်ပိုမြို့ ကို ဆီးရီးယား အစိုးရ တပ် က ပြန်လည် သိမ်းပိုက်နိုင်အောင် သီတင်း သုံးပတ်ကြာ ဖိတိုက်နေရာမှာ အစိုးရ ကို ဆန့်ကျင်နေတဲ့ အတိုက်အခံ သူပုန် တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ ၅၀ ရာခိုင်နှုန်း ကို သိမ်းပိုက်နိုင်ခဲ့ပြီ လို့ ဆီးရီးယား စစ်ဘက်ဆိုင်ရာ ပြောခွင့်ရ အရာရှိ ဗိုလ်ချုပ်ကြီး ဆာမီယား က ပြောပါတယ်။

အဲဒီ အတွက် လာမဲ့ ရက်ပိုင်း အတွင်းမှာတင် အလက်ပို မြို့ အရှေ့ဘက်ခြမ်း မှာ ၆၀ ရာခိုင်နှုန်း အထိ တိုးမြင့်ရနိုင်ဖို့ မျှော်လင့် ထားကြောင်း ဗိုလ်ချုပ်ကြီး ဆာမီယား က ဆိုပါတယ်။

နောက်ထပ်ဝင်လာတဲ့ သတင်းတွေ အရ သူပုန်တွေ ဟာ အင်အားပြန်စုနေပြီး လူသူထူထပ်တဲ့ မြို့ တောင်ဘက် ကို ဆုတ်ခွာ သွားတယ် ဆိုတယ်လို့လည်း သိရပါတယ်။

အခုလို တိုက်ပွဲ တွေ နေရာဖြန့်ကျက်မှု ရှိလာရင် စစ်ရှောင် ဒုက္ခသည်တွေ ပိုများလာဖို့ပဲ ရှိပါတယ်။

တချို့ သတင်းတွေ အဆိုအရ ရုရှ က နာမကျန်း ဖြစ်နေသူတွေ နဲ့ ဒဏ်ရာရသူတွေ ကို ကယ်ထုတ်ရေး နဲ့ တိုက်ပွဲ တွေ မှာ တိုက်ရိုက်ပါဝင်မှု မရှိတဲ့ အရပ်သား တက်ကြွလှုပ်ရှားသူ တထောင်ခန့် ကိုပါ သူပုန်တွေ ထိန်းချုပ်နယ်မြေ ထဲက ထွက်ခွာခွင့် ပြုဖို့ သူပုန် အုပ်စု နဲ့ ညှိနှိုင်း ပြုနေတယ်လို့ သိရပါတယ်။

ဆီးရီးယား အစိုးရ တပ် နဲ့ မဟာမိတ် ရုရှ တပ်တွေ က အလက်ပို့မြို့ တမြို့လုံး ကို သီတင်းပတ် အနည်းငယ် အတွင်းမှာ ပြန်လည် သိမ်းပိုက်နိင်ရေး သံဓိဋ္ဌာန် ချထားတယ်လို့ တချို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ