ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား ဩစတြီးယား သမ္မတသစ် ဖြစ်လာမယ်

  • 4 ဒီဇင်ဘာ 2016
Image caption လက်ျာစွန်း သမား ရှုံးလို့ ပျော်ကြသူတွေ

ဩစတြီးယား နိုင်ငံ မှာ ဂရင်းပါတီ ခေါင်းဆောင်ဟောင်း အသက် ၇၂ နှစ် အရွယ် အလက်ဇန်ဒါ ဖဲန် ဒဲရ် ဘယ်လင် သမ္မတသစ် ဖြစ် လာပါ တော့မယ်။

ရွေးကောက်ပွဲ စစ်တမ်း တွေ အရ မစ္စတာ ဖဲန် ဒဲရ် ဘယ်လင် ဟာ မဲ အားလုံးရဲ့ ၅၃% ကျော် ကို ရရှိ ခဲ့ပြီး ပြိုင်ဘက် လက်ျာစွန်း ဖရီးဒမ်းပါတီ ခေါင်းဆောင် နိုဘက် ဟိုဖာ ကို အနိုင်ယူ ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဟိုဖာ ကလည်း သူ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း ဝန်ခံ ခဲ့ပြီ ဖြစ်ပါတယ်။

ဘောဂဗေဒ ပါမောက္ခ တစ်ယောက် ဖြစ်တဲ့ မစ္စတာ ဖဲန် ဒဲရ် ဘယ်လင် ဟာ တန်းတူ ညီမျှရေးနဲ့ ညီညွတ်ရေး တို့လို့ စံတန်ဖိုး တွေ ကို ထိန်းသိမ်း စောင့်ရှောက်ပြီး၊ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ ရဲ့ မူ တွေ အတိုင်း လုပ်ဆောင် သွားမယ်လို့ ရုပ်မြင်သံကြား ကနေ တဆင့် တိုင်းပြည်ကို စကားပြော ခဲ့ပါတယ်။

ဩစတြီးယား နိုင်ငံ မှာ သမ္မတ နေရာ ဟာ ဂုဏ်ထူးဆောင် ရာထူး သဘောမျှသာ ဖြစ်ပေမယ့် လူဝင်မှု မူဝါဒနဲ့ အီးယူ မူ အတိုင်း လိုက်နာရေး အချက်တွေ အပေါ် လုံးဝ မတူညီ ကြတဲ့ သဘောထား အမြင် တွေ ကိုယ်စီ ရှိကြသူ နှစ်ယောက် ယှဉ်ပြိုင် အရွေး ခံခဲ့ကြတာ ဖြစ်တဲ့ အတွက် ရလာဒ် အပေါ် တော်တော်များများက စိတ်ဝင်တစား စောင့်ကြည့် နေခဲ့ ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ