ရှင်ဇိုအာဘေး ပုလဲဆိပ်ကမ်းအခမ်းအနား တက်မယ်

  • 5 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty Images
Image caption သမ္မတ အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး

ဝန်ကြီးချုပ် ရှင်ဇို အာဘေးဟာ ဟာဝိုင်အီ က ပုလဲ ဆိပ်ကမ်းကို ဂျပန်တို့ တိုက်ခိုက်ခဲ့တဲ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်မည့် ပထမဆုံး ဂျပန် ဝန်ကြီးချုပ် ဖြစ်လာပါတော့မယ်။

မစ္စတာ အာဘေးက အခုလကုန်ပိုင်းမှာ သမ္မတအိုဘားမားနဲ့ အတူ သွားရောက်မယ်လို့ ပြောပါတယ်။

အခုလ ၂၆၊ ၂၇ ရက်မှာ ဟာဝိုင်အီကို သွားမယ်၊ သမ္မတ အိုဘားမားနဲ့ ဆွေးနွေးမယ်၊ ခေါင်းဆောင်တွေ အဖြစ် သူတို့ဆုံတဲ့ ကာလတွေမှာ အမေရိကန်၊ ဂျပန် ဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်ခဲ့ကြတယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောကြားခဲ့ပါတယ်။

၁၉၄၅ ခုနှစ်က အမေရိကန်တို့ရဲ့ နျူကလီယာဗုံးဒဏ်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးခဲ့ရတဲ့ ဟီရိုရှီးမားကို ပြီးခဲ့တဲ့ မေလတုန်းက အမေရိကန် သမ္မတ သွားရောက်ခဲ့အပြီးမှာ အခုလိုဂျပန် ဝန်ကြီးချုပ်ရဲ့ ထူးခြားတဲ့ ဆောင်ရွက်မှုပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာ ၇၅ နှစ် ပြည့်တော့မယ့် ပုလဲဆိပ်ကမ်းတိုက်ခိုက် ခံရမှုမှာ လူပေါင်း နှစ်ထောင်ကျော် သေဆုံးခဲ့ရပြီး အမေရိကန်ပြည်ထောင်စုကို ဒုတိယ ကမ္ဘာစစ်ထဲ ခေါ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ