တမီလ်နာဒူး အမျိုးသမီး ပြည်နယ် ဝန်ကြီးချုပ် ဂျာယာလာလီထာ ကွယ်လွန်

  • 6 ဒီဇင်ဘာ 2016
Image caption သန်းပေါင်း များစွာသော တမီလ် လူမျိုးတွေ အတွက် ဂျိုင် လာလီတာဟာ စံပြု အတူယူဖွယ် အမျိုးသမီး တစ်ဦး အဖြစ်

အိန္ဒိယ နိုင်ငံမှာ ဩဇာကြီး လွှမ်းမိုးတဲ့ အမျိုးသမီး နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ တမီလ်နာဒူး ပြည်နယ် ဝန်ကြီးချုပ် ဂျာယာလာလီထာ အသက် ၆၈ နှစ် အရွယ်မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

ဂျယာလာလီထာ အပေါ် "အမား … အမေ" လို့ ခေါ်ဝေါ်ပြီး အပြင်းအထန် ကြည်ညို ကြသူတွေ ရှိတဲ့ အတွက် သူ ကွယ်လွန် တဲ့ သတင်းကြောင့် မငြိမ်မသက်မှုတွေ ပေါ်ထွက် လာမှာကို စိုးရိမ် စိတ်နဲ့ တမီလ်နာဒူး မှာ ရဲ အစောင့်အကြပ် တွေ တင်းကြပ် ထားပါတယ်။

ဂျယာလာလီထာ ဟာ တနင်္လာနေ့ ညက ပြည်နယ် မြို့တော် ချနိုင်းက ဆေးရုံမှာ နှလုံး ရောဂါ နဲ့ ကွယ်လွန် သွားတာ ဖြစ်ပါတယ်။

၂ဝ၁၄ ခုနှစ် တုန်းက အကျင့်ပျက် ခြစားမှုနဲ့ ပြစ်ဒဏ် ခံခဲ့ရဖူး ပေမယ့် သန်းပေါင်း များစွာသော တမီလ် လူမျိုးတွေ အတွက်တော့ ဂျိုင် လာလီတာ ဟာ စံပြု အတူယူဖွယ် အမျိုးသမီး တစ်ဦး အဖြစ် သတ်မှတ် ခံရပါတယ်။

ဆင်းရဲသားတွေ၊ အမျိုးသမီးတွေ နဲ့ ခွဲခြား ဆက်ဆံ ခံရသူတွေ အတွက် ဂျိုင် လာလီတာ လုပ်ဆောင် ခဲ့တာတွေဟာ အတုယူ အားကျဖွယ် ဖြစ်တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ