ပတ်ဂွန်ဟေးကို စွပ်စွဲပြစ်တင်ပြီ

  • 9 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption သမ္မတရဲ့ တာ၀န်တွေကို ၀န်ကြီးချုပ်က ယာယီတာ၀န်ယူထားပါတယ်။

တောင်ကိုးရီးယားမှာ သမ္မတ ပတ်ဂွန်ဟေးကို ပါလီမန်ကနေ စွပ်စွဲပြစ်တင်ဖို့ မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။

မစ္စ ပတ်ဟာ အာဏာအလွဲသုံးစားမှု၊ အခြေခံဥပဒေပြဌာန်းချက်ကို ချိုးဖောက်မှုနဲ့ စွပ်စွဲခံထားရပါတယ်။

ဖွဲ့စည်းပုံခုံရုံးကနေ သမ္မတကို ဖယ်ရှားမှု လုပ်မလုပ် ဆုံးဖြတ်ချက် မချခင်ထိ သမ္မတအနေနဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်ကနေ ယာယီဆိုင်းငံ့ထားဖို့ ပါလီမန်အမတ်အများစုက မဲပေးဆုံးဖြတ်ခဲ့ကြတာပါ။

အခုအခါ သမ္မတရဲ့ တာ၀န်တွေကို ၀န်ကြီးချုပ်က ယာယီတာ၀န်ယူထားပါတယ်။

ပါလီမန်ထဲမှာ မစ္စ ပတ်ရဲ့ ပါတီက အမတ်အများစုကိုယ်တိုင် သူ့ကို စွပ်စွဲပြစ်တင်ဖို့ မဲပေးခဲ့ပါတယ်။ ထောက်ခံမဲ ၂၃၄ မဲနဲ့ ကန့်ကွက်မဲက ၅၆ မဲပဲ ရှိပါတယ်။

မစ္စ ပတ်ဟာ ကုမ္ပဏီကြီး တွေဆီကနေ အလှူငွေကောက်ခံဖို့နဲ့ အစိုးရမူဝါဒတွေမှာ ဝက်စွက်ဖက်နိုင်ဖို့ သူ့မိတ်ဆွေတစ်ဦးကို မလျှော်သြဇာသုံးပြီး ခွင့်ပြုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

သမ္မတ ပတ်ဂွန်ဟေး နှုတ်ထွက်ပေးဖို့အတွက် မကြာခင် သတင်းပတ်တွေအတွင်း တောင်ကိုးရီးယားမှာ လူသန်းနဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ