တူရကီ ပေါက်ကွဲမှုအတွင်း ရဲ၁၅ယေက်သေ

  • 11 ဒီဇင်ဘာ 2016
Image caption တူရကီဗုံးကွဲမှုဖြစ်ပွား

အီစတန်ဘူလ်မြို့လယ်ရှိ Besiktas ဘောလုံး အားကစားကွင်း ရှေ့မှာရပ်ထားတဲ့ အဓိကရုန်း နှိမ်နင်းတဲ့ ရဲကားကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ သေဆုံးသူ ရဲ၁၅ယောက် ရှိပြီးရဲတွေ အများအပြား ဒဏ်ရာရတယ်လို့ အစိုးရ ကပြောပါတယ်။ အနီးနားပန်းခြံမှာလည်း လူတယောက် အသေခံဗုံးခွဲခဲ့ပါတယ်။

ပေါက်ကွဲပြီး သေနတ်သံတွေလည်းထွက်လာပါတယ်။ အဲဒီနေရာမှာရောက်နေတဲ့ မျက်မြင်သက်သေ အိုမာ ရီမာဇ်ဆိုသူက စက္ကန့်၃၀အတွင်း ပေါက်ကွဲသံ၂ခုကြားရကြောင်း၊အသံကျယ်လောင်ပြီး မီးတောက်တွေလည်းတွေ့ရကြောင်း ရဲဘတ်စ်ကားနဲ့ အရပ်သားတွေရဲ့ကားတွေဆီ ဦးတည်လျှောက်သွားတော့ မီးလောင်နေတဲ့ ကားထဲမှာ ရဲတွေတွေ့ရကြောင်း ဘီဘီစီကို ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ အချိန်ဘောလုံးပွဲပြီးလို့ ရုံထဲမှာ လူမရှိတော့ပါဘူး။ ဒီထက်တနာရီလောက် စောမယ်ဆိုရင် အခြေအနေ ပိုဆိုးနိုင်ပါတယ်။ အဲဒီနေရာကို ရဲရဟတ်ယဉ်တွေ ဝဲပျံနေပြီး ပေါက်ကွဲမှု အရှိန်ကြောင့် အနီးအနား အဆောက်အအုံတွေ မှန်ကွဲကုန်ပါတယ်။

အခုတိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာ မကြေညာပေမယ့် အခုနှစ်အတွင်း တူရကီက ဗုံးခွဲမှုတွေကို ကဒ်စစ်သွေးကြွ တွေနဲ့ အိုင်အက်စ် စစ်သွေးကြွတွေ လုပ်လေ့ရှိ ကြပါတယ်။ ရဲတွေကို အဓိကထား အတိုက်ခံရလို့ လုံခြုံရေး တပ်ဖွဲ့တွေကို ပစ်မှတ်ထား လေ့ရှိတဲ့ ကဒ်ပြောက်ကျား အုပ်စုတွေအပေါ် သံသယပို ဖြစ်နိုင်ပါတယ်။ တူရကီနိုင်ငံမှာ အခုတလော မြို့ကြီးတွေမှာ အကြမ်းဖက် တိုက်ခိုက်မှု တွေဖြစ်ပွားလို့ လူအများအပြား သေကြေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ