အီဂျစ်မှာ ခရစ်ယာန်ဘုရားကျောင်း ဗုံးခွဲခံရ

  • 11 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption တနင်္ဂနွေနေ့ စုဝေးချိန်မှာ ဒီဘုရားကျောင်းနဲ့ ကပ်လျက် ကျောင်းဆောင်အတွင်း အခုလို ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းနံရံပြိုကျမှုတွေလည်း ဖြစ်ခဲ့

အီဂျစ်နိုင်ငံရဲ့ မြို့တော် ကိုင်ရိုက ခရစ်ယာန် ဘုရားကျောင်းတကျောင်းမှာ ဗုံး ပေါက်ကွဲမှုတခု ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး ၂၆ယောက် သေဆုံးခဲ့ရတဲ့အပေါ် အီဂျစ်သမ္မတ မစ္စတာ စီစီက တိုက်ခိုက်သူတွေကို ရှုတ်ချလိုက်ပြီး နိုင်ငံတော် ဝမ်းနည်းခြင်းကာလ သုံးရက် သတ်မှတ်လိုက်ပါတယ်။

တနင်္ဂနွေနေ့ စုဝေးချိန်မှာ ဒီဘုရားကျောင်းနဲ့ ကပ်လျက် ကျောင်းဆောင်အတွင်း အခုလို ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းနံရံပြိုကျမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်ခံရတာကို မကျေနပ်ကြတဲ့ ကော့ပ်တစ် ခရစ်ယာန်တွေက လုံခြုံရေးစီမံမှု အားနည်းခဲ့တဲ့ အီဂျစ်ပြည်ထဲရေးဝန်ကြီး နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ စိန့်မာ့ခ် ဘုရားကျောင်းဟာ အီဂျစ်နဲ့ မြောက် အာဖရိကဘက်တွေမှာ ကိုးကွယ်ကြတဲ့ ကော့ပ်တစ် ခရစ်ယန် ပုတ်ရဟန်းမင်း ကျောင်းထိုင်တဲ့ ဘုရားကျောင်းဖြစ်ပါတယ်။

အီဂျစ်နိုင်ငံက ကော့ပ်တစ် ခရစ်ယန် အရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ ၁၀ရာခိုင်နှုန်းရှိပြီး လတ်တလောမှာ သူတို့ကို အစ္စလမ္မစ်အဖွဲ့တွေဘက်က တိုက်ခိုက်မှုတွေ တိုးလာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ