ရိုမာ ဘာသာစကား အဆိုကျော် အက်စ်မာ ရဂျက်ပိုဗာ ကွယ်လွန်ပြီ

  • 11 ဒီဇင်ဘာ 2016
Image caption ဂျစ်ပ်စီတွေ အတွက် နိုင်ငံတကာ သံတမန်

တေးသီချင်းတွေကို ဂျစ်ပ်စီ တွေ ပြောတဲ့ ရိုမာ ဘာသာစကား နဲ့ သီဆို သူတွေထဲ နာမည် အကြီးဆုံး ဖြစ်တဲ့ မက်ဆီဒိုးနီးယား နိုင်ငံက အဆိုကျော် အက်စ်မာ ရဂျက်ပိုဗာ တစ်ယောက် အသက် ၇၃ နှစ် အရွယ်မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

ဂျစ်ပ်စီ ဂီတရဲ့ ဘုရင်မ ဆိုပြီး တင်စား ခေါ်ဝေါ် ကြတဲ့ ရဂျက်ပိုဗာ ဟာ ဂျစ်ပ်စီ မျိုးနွယ် တွေ အတွက် နိုင်ငံတကာ သံတမန် တစ်ဦးလည်း ဖြစ်ပါတယ်။

ရဂျက်ပိုဗာ ဟာ ဂျစ်ပ်စီတွေ နှိမ့်ချ ခွဲခြား ဆက်ဆံ ခံရတာကို တွန်းလှန် တိုက်ဖျက် ခဲ့တဲ့ အပြင်၊ ဂျစ်ပ်စီ အသိုင်းအဝိုင်း ထဲမှာလည်း အမျိုးသမီးတွေ အဆိုတော် အဖြစ် အသက်မွေး ဝမ်းကျောင်းရင် ရှက်စရာ ကောင်းတယ် ဆိုပြီး ယူဆ ခဲ့ကြတဲ့ လိင်ခွဲခြား မှုကိုလည်း ရဂျက်ပိုဗာ ဆန့်ကျင် ခဲ့ရပါတယ်။

၂ဝ၁၃ မှာတော့ ဆားဘီးယား နိုင်ငံ ဘဲလ်ဂရိတ် မြို့တော်မှာ ကျင်းပတဲ့ ဥရောပ နိုင်ငံစုံ သီချင်း အဆို ပြိုင်ပွဲ မှာ ရဂျက်ပိုဗာ ဟာ မက်ဆီဒိုးနီးယား နိုင်ငံကို ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။

ရဂျက်ပိုဗာနဲ့ ကွယ်လွန်သူ ခင်ပွန်းသည် စတက်ဗ်ဗို တေအို ဒေါ့စ် ယက်ဗ်စကီး တို့ဟာ ကလေး အယောက် ၅ဝ လောက်ကို ကျွေးမွေး ပြုစု စောင့်ရှောက် ခဲ့ကြတဲ့ အပြင်၊ သူတို့ကို ရော်မ်မနီ ယဉ်ကျေးမှုနဲ့ ဂီတ တို့ကို လက်ဆင့်ကမ်း အမွေ ပေး ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ