အရပ်သားတွေကို စုပြုံသတ်ဖြတ်ခံရတဲ့ အထောက်အထား ကုလမှာ ရှိ

  • 13 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အလက်ပိုမြို့မှာ အရပ်သားတွေ ပိတ်မိနေ

ဆီးရီးယား နိုင်ငံ အလက်ပိုမြို့မှာ စစ်တပ်က သူပုန်တွေကို အနိုင်ရနိုင်ပြီ ပြောနေချိန်မှာ အဲဒီမှာ အရပ်သားတွေ အစုလိုက် အပြုံလိုက် အသတ်ခံရတဲ့ အထောက်အထား အသေးစိတ် ရထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အရာရှိ Jan Egeland က ပြောပါတယ်။

ဒီ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ နီးစပ်တဲ့ လက်နက်ကိုင်တွေရဲ့ လက်ချက်လို့ ဆိုပြီး သေဆုံးသူတွေထဲ ကလေးတွေနဲ့ အမျိုးသမီးတွေ ပါတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အရပ်သား ရှစ်ဆယ်ကျော် သေဆုံးသွားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရနဲ့ ရုရှား မဟာမိတ်တွေက တာဝန်ယူရမယ်လို့ မစ္စတာ အက်ဂလန်က ဆိုပါတယ်။

အရပ်သား ထောင်ပေါင်းများစွာဟာ သူပုန်တွေနဲ့ အတူ တိုက်ပွဲတွေကြား ပိတ်မိနေပြီး အကူအညီ အရေးတကြီး လိုအပ်နေကြောင်းသိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ