ဆော်ဒီကို စစ်ရေးဆိုင်ရာ ပစ္စည်းတွေ ပေးနေတာ အမေရိကန် ကန့်သတ်မယ်

  • 13 ဒီဇင်ဘာ 2016
Image caption ယီမင် ကလေး ၂ သန်း ကျော် ငတ်မွတ် နေတယ်လို့ ကမ္ဘာက သတိပေးနေ။

ဆော်ဒီအာရေဗျကို စစ်ရေး ဆိုင်ရာ လက်နက် ပစ္စည်းတွေကို ထောက်ပံ့ ကူညီ နေတာတွေ လျှော့ချ ကန့်သတ်ဖို့ အမေရိကန် က ဆုံးဖြတ် ခဲ့တယ် ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။

ယီမင် နိုင်ငံမှာ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့က ပြုလုပ်နေတဲ့ လေကြောင်း တိုက်ခိုက်မှု တွေနဲ့ ပတ်သက်ပြီး အမေရိကန် အနေနဲ့ စိုးရိမ်စိတ် တွေ ရှိနေလို့ အခုလို ဆုံးဖြတ် လာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယီမင် နိုင်ငံတွင်း လေကြောင်း တိုက်ခိုက်မှု တွေကြောင့် အရပ်သား အမြောက်အများ သေဆုံး ခဲ့ရပါတယ်။

ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက် မှုတွေဟာ ဆေးရုံ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေ နဲ့ လူစည်ကားရာ စျေးတွေလိုမျိုး နေရာတွေကို ပစ်မှတ် ထားခဲ့ပြီး၊ ဒီ အပြုအမူတွေဟာ စစ်ရာဇဝတ်မှု မြောက်တယ် ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေက ပြင်းပြင်း ထန်ထန် ဝေဖန် နေပါတယ်။

ယီမင် ပြည်တွင်းပွဲမှာ ရှီအာသူပုန် ဟူသီတွေနဲ့ တိုက်ခိုက် နေတဲ့ ယီမင် အစိုးရကို ကျောထောက် နောက်ခံ ပြုပေးနေတဲ့ ဆော်ဒီ ကတော့ သူတို့ အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက် တာ မျိုး မလုပ်ဆောင် ခဲ့ဘူး ဆိုပြီး စွပ်စွဲမှု တွေကို ငြင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ