ဒီမိုကရက်ပါတီ အီးမေးလ်ဖောက်ခံရမှု ပူတင်သိလို့ဆို

  • 16 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Toru Hanai
Image caption ရုရှ သမ္မတ ပူတင်

အမေရိကန် ရွေးကောက်ပွဲ အကြို ကာလမှာ ဒီမိုကရက် ပါတီ အရာရှိတွေရဲ့ အီးမေးလ်တွေ ဖောက်ထွင်းခံရတယ် ဆိုတဲ့ အကြောင်း ရုရှ သမ္မတ ပူတင်က သိထားတယ် ဆိုပြီး အမေရိကန် အစိုးရက ပြောဆိုလိုက်ပါတယ်။

သမ္မတ ပူတင် မသိဘဲနဲ့ ဒီလို အင်တာနက် တိုက်ခိုက်မှု မဖြစ်နိုင်ဘူးလို့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ထိပ်တန်း အကြံပေး တယောက် ဖြစ်တဲ့ ဘန်ရုဒ်က ပြောပါတယ်။

အောက်တိုဘာလ က ထုတ်ပြန်ခဲ့တဲ့ စီအိုင်အေ ထောက်လှမ်းရေး မှတ်တမ်း အရ ဒီဖောက်ထွင်းမှုမှာ ထိပ်ဆုံးအဆင့်က ပါဝင်ညွှန်ကြား ကြောင်း ထင်ရှားတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Josh Earnest ကလည်း ဆိုပါတယ်။

ဒီမှတ်တမ်းမှာ ပါဝင်တဲ့ ရုရှက ထိပ်ဆုံး အရာရှိတွေ ဆိုတာ ရုရှ အစိုးရ မှာ ထိပ်ဆုံးက အရာရှိ သမ္မတကို ရည်ညွှန်းကြောင်း ထင်ရှားတယ်လို့ Josh Earnest ပြောပါတယ်။

ဒီလို ဖောက်ထွင်းမှုမှာ သမ္မတ ပူတင် ပါတယ် ဆိုတဲ့ စွပ်စွဲချက်ကို ရုရှ ဘက်က အဓိပ္ပာယ် မရှိဘူး ဆိုပြီး ပယ်ချ ပါတယ်။

ဟီလာရီ ကလင်တန် ရွေးကောက်ပွဲ ရှုံးလို့ အစိုးရ စုံစမ်းရေး လုပ်တာလို့လည်း အမေရိကန် သမ္မတ အဖြစ် ရွေးချယ် ခံရတဲ့ ဒေါ်နယ် ထရမ့်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ