ရုရှားနဲ့ ဂျပန် နယ်နမိတ်နဲ့ စီးပွားရေးကိစ္စတွေ ဆွေးနွေး

  • 16 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ပူတင်နဲ့ မစ္စတာ အဘေးတို့ နှစ်ဘက် ကုန်သွယ်ရေး စာချုပ် ၈၀လောက် လက်မှတ်ရေးထိုးနိုင်ခဲ့

ရုရှားသမ္မတ ပူတင်နဲ့ ဂျပန်ဝန်ကြီးချုပ် အာဘေးတို့ နယ်နမိတ်အငြင်းပွားမှု ပြေလည်ရေး ဆွေးနွေးမှုတွေမှာ အခြေအနေ တိုးတက်မှုတွေ ရှိနေပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ ဆိုဗီယက်တပ်တွေက ဂျပန်မြောက်ပိုင်းက ကူးရီးလက်စ်ကျွန်း လေးကျွန်းကို သိမ်းယူခဲ့ပြီး ဒေသခံ ၂သောင်းနီးပါးကို မောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကျွန်းတွေနဲ့ ပတ်သက်ပြီး အခုအချိန်အထိ စစ်ပြေငြိမ်းရေး သဘောတူစာချုပ် လက်မှတ်မထိုးနိုင်ခဲ့ပေမယ့် နောက်ဆုံး ဆွေးနွေးမှုတွေမှာတော့ နယ်နမိတ်ကိစ္စအတွက် ပူးတွဲ ဆွေးနွေးမှုတွေ လုပ်ဖို့ နှစ်ဖက် ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

ဒီပြဿနာဖြစ်နေတဲ့ ကူရီးလက်စ်ကျွန်းတွေကို ဂျပန်နိုင်ငံသားတွေ လာရောက်ခွင့်နဲ့ ပတ်သက်ပြီး ရုရှားဘက်က စည်းကမ်းတွေ လျှော့ပေးနိုင်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောဆိုထားခဲ့ပါတယ်။

မစ္စတာ ပူတင်နဲ့ မစ္စတာ အဘေးတို့ဟာ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပြီး နှစ်ရက်အတွင်း ဆွေးနွေးမှုတွေမှာလည်း အမေရိကန်ဒေါ်လာ တဘီလီယံ ရန်ပုံငွေကို အခြေခံပြီး နှစ်ဘက် ကုန်သွယ်ရေး စာချုပ် ၈၀လောက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ