ပိုလန် မှာ သတင်းသမားတွေကို ကန့်သတ်လို့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်

  • 18 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption အစိုးရ ရဲ့ အစီအစဉ် ကို ကန့်ကွက် တဲ့ အနေနဲ့ အတိုက်အခံ နိုင်ငံရေး ပါတီ က ကိုယ်စားလှယ် တွေ ဟာ ပါလီမန် ကနေ ထွက်ခွာ ဖို့ ငြင်းဆန်

ပိုလန် လွှတ်တော် အတွင်း မှာ သတင်းရယူတဲ့ သတင်းသမား တွေကို ကန့်သတ်ဖို့ အစိုးရက စီစဉ် နေတဲ့ အတွက် မြို့ တော် ဝါဆော မှာ ဆန့်ကျင် ဆန္ဒပြမှု တွေ ဖြစ်ပွား နေပါတယ်။

အစိုးရ ရဲ့ သတင်းသမား အကန့်အသတ် နဲ့သာ ခွင့်ပြုရေး အစီအစဉ် ကို ဆန့်ကျင် ဆန္ဒပြသူတွေ ဟာ စနေ မနက်က အလွှတ်တော် အပြင်ဘက်မှာ စုရုံး ခဲ့ကြပြီး အစိုးရ ရဲ့ အစီအစဉ်တွေကို ဝေဖန် ခဲ့ကြပါတယ်။

လွှတ်တော် အတွင်းမှာလည်း အစိုးရ ရဲ့ အစီအစဉ် ကို ကန့်ကွက် တဲ့ အနေနဲ့ အတိုက်အခံ နိုင်ငံရေး ပါတီ က ကိုယ်စားလှယ် တွေ ဟာ ပါလီမန် ကနေ ထွက်ခွာ ဖို့ ငြင်းဆန် ခဲ့ကြပြီး ဆန့်ကျင် ဆန္ဒပြမှု တွေကို လုပ်ဆောင် နေကြပါတယ်။

လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ လုပ်ရပ်ဟာ ကျော်မကောင်း ကြားမကောင်း တဲ့ လုပ်ရပ် ဖြစ်ကြောင်းဆန္ဒ ပြမှု တွေ နဲ့ ပတ်သက်ပြီး ပိုလန် ဝန်ကြီးချုပ် ဘေယက်တာ ရှီဝို က ဝေဖန် ခဲ့ပါတယ်။

လက်ရှိ ဥရောပ ကောင်စီ ဥက္ကဋ္ဌ လည်း ဖြစ် ပိုလန် ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သူ ဒေါ်နယ် တုစ် က သတင်းဌာန တွေကို ပိတ်ပင်ဖို့ ကြိုးစားတာဟာ အာဏာရှင် တွေရဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန် ခဲ့ပြီး ပိုလန် အစိုးရ အနေနဲ့ အခြေခံ ဥပဒေ ကို လေးစား လိုက်နာ ဖို့ တိုက်တွန်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ