ဖိလစ်ပိုင်သမ္မတကို ဖြုတ်ဖို့ပြောတဲ့အမတ် လုံခြုံရေးစိုးရိမ်

  • 18 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စ လိုင်လာ ဒလီမာက အခုလို ဆက်ပြီး ပြောနေဖို့ ဝန်မလေးပေမယ့် သူ့လုံခြုံရေးကို တိုးယူထားတယ်လို့ ပြော

ဖိလစ်ပိုင်သမ္မတ ဒူတားတေးကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချဖို့ ပြောဆိုခဲ့တဲ့ ဖိလစ်ပိုင် အမတ်တယောက်က သူ့အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

အခုလို ပြောဆိုခဲ့တဲ့ ယခင် တရားရေးဝန်ကြီးဟောင်း မစ္စ လိုင်လာ ဒလီမာက အခုလို ဆက်ပြီး ပြောနေဖို့ ဝန်မလေးပေမယ့် သမ္မတရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး မူဝါဒတွေကို စပြီး ဝေဖန်ကတည်းက သူ့လုံခြုံရေးကို တိုးယူထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ဖိလစ်ပိုင်သမ္မတ ဒူတားတေးက ဒုစရိုက်သမား သုံးယောက်ကို ကိုယ်တိုင်သတ်ခဲ့ဖူးကြောင်း ပြောခဲ့အပြီးမှာ မစ္စ ဒလီမာက သမ္မတကို ဖြုတ်ချရေး စပြောခဲ့တာ ဖြစ်ပါတယ်။

မစ္စ ဒလီမာဟာ မစ္စတာ ဒူတားတေးရဲ့ မူးယစ်ဆေးမူဝါဒတွေကို ဆန့်ကျင်ပြောဆိုတဲ့ အမတ်အနည်းငယ်ထဲက တယောက်လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ